ကျွန်တော်လဲ အချစ်ခံချင်တယ် ...
အများကြီးချစ်ပေးဖို့
၀န်မလေးသလို
အများကြီး ဂရုစိုက်ပေးဖို့လဲ
၀န်မလေးပါဘူး
ဒါပေမယ့်...
တစ်ခါတစ်လေကျတော့
ကျွန်တော်လဲ
အချစ်ခံချင်တယ်
လူတစ်ယောက်ကို
ကိုယ်ဖက်ကချည်း ချစ်နေရသလိုမျိုးက
တကယ်တမ်းကျတော့
အရမ်းနာကျင်ရတယ်လေ
ငါဆွဲထားလို့ မြဲနေတာ
ငါ ခေါ်လို့သာ ပြောနေတာ
ပြီးတော့ ...
ဘယ်အရာမဆို
ငါ့ကြောင့်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ
အချစ်တစ်ခုကို
ကိုယ်ကပဲ
တည်ဆောက်နေရတာမျိုးကျ
ပင်ပန်းတယ် ။
တစ်ခါတစ်လေကျတော့
ကျွန်တော်လဲ
အချစ်ခံချင်တယ်
ကျွန်တော်လဲ
ဂရုစိုက်ခံချင်တယ်
ကျွန်တော်လဲ
အလေးထားခံချင်တယ်
ပြီးတော့ ...
ကျွန်တော်လဲ စိတ်ဆိုးချင်တယ်လေ
အများကြီး
အလျှော့ပေးလို့ရသလို
အများကြီး
အလိုလိုက်ပေးလို့ရတယ်
ဒါပေမယ့်
နည်းနည်းလေး
လက်လွှတ်လိုက်တာနဲ့
လွှတ်ထွက်မသွားမယ့်
ဆက်ဆံရေးတစ်ခုကို
လိုချင်တယ် ။
တစ်ခါတစ်လေကျတော့
ငါ အလိုမလိုက်နိုင်တော့ရင်လို့
တွေးမိရင်
ရင်တွေနာရတယ်
ငါ အလျှော့မပေးနိုင်တော့ရင်လို့
တွေးမိရင်
ရင်တွေနာရတယ်
ကျွန်တော်လဲ အချစ်ခံချင်တယ်လေ ။
ကျွန်တော်လဲ လူပဲလေ ။
#ကျေးကို
Comments
Post a Comment