Skip to main content

သူယုတ်မာသလို _ပြန်မယုတ်မာပါနဲ့

 သူယုတ်မာသလို _ပြန်မယုတ်မာပါနဲ့

🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

ဖတ်ကြည့်နော် …


ရပ်ကွက်တစ်ခုမှာပေါ့ …

အိမ်နှစ်အိမ်

ဘေးချင်းကပ် နေထိုင်ကြတဲ့

လူနှစ်ယောက်ရှိပါတယ် ။


တစ်အိမ်မှာ

အဘွားအိုတစ်ယောက်တည်း

နေထိုင်သလို ..


နောက်တစ်အိမ်မှာ က သက်လတ်ပိုင်း

အရွယ်

လူငယ်တစ်ယောက် နေထိုင်သတဲ့ ...


လူရွယ်က နောက်ရင်းပြောင်ရင်း

အဘွားအိုကို တွေ့တိုင်း ပြောတယ်။


အဘွား …

အသက်ကလည်း ကြီးပြီ

အဘွားအိမ်လေး ရောင်းချင်ရင်

ပြောနော် …


မရောင်းပါဘူးကွယ် …

အဘွားသေရင်

အဘွားမြေးတွေ ရှိပါတယ်။


ဘေးအိမ်မှာနေတဲ့ လူငယ်က

အဲဒါကို မကျေနပ်တာ။

သူက တစ်အိမ်တည်း ၊

တစ်ဆက်တည်း လိုချင်နေတာ။


အခု အဘွားအိုက မရောင်းဘူး

ဆိုတော့

အမုန်းတွေပွားပြီး

အမြဲပြဿနာ ရှာသတဲ့ ...


အဘွား မနေနိုင်အောင်

ငရုတ်သီးတွေ လှော်တယ်။


အဘွားက

စောင်ခြုံပြီးနေတယ်။


အဘွား မအိပ်နိုင်အောင်

ကာရာအိုကေတွေ ဆိုတယ်။


အဘွားက

တရားမှတ်နေတယ်။


အဘွားကို

စောင်းမြောင်းဆဲတယ်။


အဘွားက

မကြားသလို ပြုံးနေတယ်။


မုန်းနေသူတစ်ယောက်ဟာ

ပြုံးပြတဲ့ဒဏ်ကို မခံနိုင်ပါဘူး။


သူမျှော်လင့်ထားတာက

အမုန်းတရားကို

အမုန်းနဲ့ တုံ့ပြန်လိုက်ရင်

ရန်ပွဲတွေ ဆင်နိုင်ပြီပေါ့။


ဒါပေမယ့် …

မမုန်းတတ်တဲ့နှလုံးသား ကို

မပြုံးအောင် တားဖို့ဆိုတာကလည်း

မဖြစ်နိုင်ဘူးပဲ။


ဘယ်လောက်တောင်

အမုန်းစိတ်တွေ ပြင်းထန်လာသလဲဆိုရင်


တစ်နေ့တော့…

သူ့အိမ်က အမှိုက်ပုံးကို

အဘွားအို အိမ်ထဲမှာ

သွားချထားတဲ့အထိ လွန်ကျူးမိတယ်။


စိတ်ထဲမှာ …


ဒီအဘွားကြီး ဘုရားမရှိခိုးနိုင်တော့ဘူး

လို့

တွက်ဆပြီး ပျော်နေတယ်။


ဒါပေမယ့် …

နံနက်မိုးလင်းလို့ အိမ်ပြင်ကို

ထွက်လိုက်တဲ့ အခါ

အမှိုက်ပုံးကို တွေ့လိုက်တဲ့ အဘွားကြီးက

ဘာလုပ်တယ်ထင်လဲ .. ??


အမှိုက်တွေကို ထုတ် ၊

မြေမြှုပ်သင့်တာ မြှုပ်

မီးရှို့သင့်တာကို ရှို့ လိုက်တယ်။


ပြီးတော့

အမှိုက်ပုံးကို ရေ နဲ့ပြောင်အောင်

ပွတ်တိုက်ဆေးကြောလိုက်တယ်။


“ဒေါက် ... ဒေါက်”


“ဘယ်သူလဲ” ?


“အဘွားပါကွယ်”


သူက

စိတ်ဆိုးမာန်ဆိုးနဲ့ တံခါးဖွင့်ပေးလိုက်

တယ်။


သားရေ…

သားအမှိုက်ပုံးက ခွေးဆွဲလာပုံရတယ်။

အဘွားအိမ်ဘက်ကို ရောက်လာတယ်။

သားက အလုပ် အရမ်းများတာပဲ။

အမှိုက်မပစ်နိုင်ဘူးထင်တယ် ... 

အဘွား အမှိုက်တွေ ပစ်လိုက်ပြီ သိလား။

အမှိုက်ပုံးလည်း ဆေးပေးထားတယ်။


နောက်တစ်ခါ

အမှိုက်မပစ်အားလို့ရှိရင်

အဘွားခြံရှေ့မှာ လာချထား။

အဘွားပစ်ပေးမယ်။


အဘွားက လှည့်ထွက်မယ်လုပ်ပြီးမှ


သားရေ…ဓမ္မဒါနပါ။

စာအုပ်လေးတစ်အုပ် လှူခဲ့ပါရစေ။


အဘွားက သူ့ကို စာအုပ်လေးတစ်အုပ်

လက်ဆောင်ပေးသွားတယ်။



(ဤလောက၌

အချို့သော ပုဂ္ဂိုလ်တို့သည်

အမျက်ထွက်တတ်၏။

ပြင်းစွာ ပင်ပန်းခြင်းများ၏။


အနည်းငယ်

ပြောဆိုရုံမျှဖြစ်သော်လည်း

ကပ်ငြိတတ်၏။

အမျက်ထွက်တတ်၏။

စိတ်နာတတ်၏။

ခက်ထန် တတ်၏။


အမျက်ထွက်ခြင်းကိုလည်းကောင်း၊

ပြစ်မှားခြင်းကိုလည်းကောင်း၊

မနှစ်သက်ခြင်းကိုလည်းကောင်း

ထင်စွာပြုတတ်၏။


ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့ကို

လျစ်လျူရှုထိုက်၏။

မမှီဝဲထိုက်၊

 မဆည်းကပ်ထိုက်၊

မချဉ်းကပ်ထိုက်။


မှီဝဲထိုက်၊ ဆည်းကပ်ထိုက်၊

ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည်

အဘယ်နည်း


သီလရှိသောပုဂ္ဂိုလ်


ကောင်းသောသဘောရှိသောပုဂ္ဂိုလ်တို့ကို

မှီဝဲဆည်းကပ်သင့်သည်။


ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည်

ပျံ့နှံ့၍ထွက်၏)


(အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊

ပုဂ္ဂလဝဂ်၊ ဇိဂုစ္ဆိတဗ္ဗသုတ်)


သူဟာ အဘွားအိုပေးသွားတဲ့

စာအုပ်လေးထဲက

စာတစ်ပိုဒ်ကို ဖတ်လိုက်တယ်။


စာဖတ်တတ်တာပဲ

သူ နားလည်တာပေါ့။


အဘွားက

သူယုတ်မာသလို

ပြန်ပြီး မယုတ်မာတတ်ဘူး

ဆိုတာ

ပြောင်စင်နေအောင် ဆေးပေးထားတဲ့

အမှိုက်ပုံးလေးကိုကြည့်ရင်

သိသာပါတယ်။


ဒါကြောင့်…

သူဟာ သူလုပ်ခဲ့တဲ့ အပြုအမူအတွက်

ရှက်နေမိပါတော့တယ် ။    ။


 ( Credit )

                           #𝑼𝑪_ဦးစည်

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...