လွတ်လပ်ခြင်း
တစ်ယောက်ထဲ ရွိတဲ့အခါ
အိမ်မက်တွေက လွတ်လပ်တယ်။
မျက်ဝန်းတွေ မငိုတော့တဲ့အခါ
နှလုံးသားက လွတ်လပ်တယ်။
တပ်မက်မှုတွေ မရှိတော့တဲ့အခါ
ခံစားချက်တွေ လွတ်လပ်တယ်။
ဘယ်သူ့ကိုမှ မမုန်းတော့တဲ့အခါ
ရင်ဘတ်ထဲမှာ လွတ်လပ်တယ်။
ပြီးဆုံးခြင်းကို လွှတ်ချနိုင်တဲ့အခါ
အတိတ်ဆိုတာ လွတ်လပ်တယ်။
ယှဉ်ပြိုင်အနိုင်လိုခြင်းတွေ မရွိတဲ့အခါ စိတ်ဝိဥာဉ်က လွတ်လပ်တယ်။
ရောင့်ရဲခြင်းကိုကျေနပ်တဲ့အခါ
ရှင်သန်ခြင်းဟာ လွတ်လပ်တယ်။
တကယ်လက်တွေ့ဘဝမှာ ရွိလာတဲ့ အရာအားလုံးကိုတန်ဖိုးထားတတ်တဲ့အခါ
ပျော်ရွှင်ခြင်းဟာ လွတ်လပ်တယ်။
- ရှေးရိုးရာ
#TOP_FAN
Comments
Post a Comment