Skip to main content

ဂျပန်မှာအလုပ်လုပ်ဖို့ရွေးချယ်တဲ့အခါ

 ဂျပန်မှာအလုပ်လုပ်ဖို့ရွေးချယ်တဲ့အခါ


​မိမိကျွမ်းကျင်ရာ စိတ်ဝင်စားရာနဲ့လိုက်ပြီးရွေးချယ်ပါ။



ရာသီဥတုဒဏ်က ပူရင်အရမ်းပူ

အေးရင်အရမ်းအေး


ပုံမှန်နေလို့ကောင်းတဲ့ကာလက ၃ လလောက်ပဲရှိပါတယ်။


📕✍️ထရိန်နင်ဗီဇာ


စိုက်ပျိူးရေး

ဆောက်လုပ်ရေးနဲ့

သတင်းစာပို့တဲ့အလုပ်တွေဟာ


အဆောက်အဦးအပြင်မှာ

လုပ်ရတာပိုများပါတယ်။


အပြင်မှာလုပ်ရတဲ့အလုပ်တွေဟာ

ရာသီဥတုဒဏ်ကိုခံစားရပါတယ်။


စက်ရုံအလုပ်

ဘိုးဘွားစောင့်ရှောက်ရေးအလုပ်

စက်ချုပ် အစရှိသဖြင့်ကတော့

အဆောက်အဦးထဲမှာလုပ်ရပါတယ်။


တစ်ချို့အလုပ်တွေကတော့ 

အပူချိန် ထိန်းညှိထားတဲ့ အဆောက်အအုံထဲမှာလုပ်ရပါတယ်။


📕ကျောင်းသား✍️

ကျောင်းသားတွေလုပ်ရတဲ့အချိန်ပိုင်းအလုပ်ကတော့


စားသောက်ဆိုင်ဆို 

စားပွဲထိုးအလုပ်

ပန်းကန်ဆေးအလုပ်

ဖိုထဲချက်ပြုတ်တာဆို ၃ မျိူးရှိပါတယ်


24 နာရီ Store ဆို ဈေးရောင်းရတယ်

ပစ္စည်းစီရတယ်။တစ်နေကုန် ပါးစပ်က အော်ပြီးနှုတ်ဆက်နေရတတ်ပါတယ်။


ဟိုတယ်မှာ အိပ်ယာခင်း

သန့်ရှင်းရေး အလုပ်တွေလည်း အချိန်ပိုင်းအလုပ်ရှိတတ်ပါတယ်။


စက်ရုံတွေမှာအချိန်ပိုင်းဝင်လုပ်တာမျိူးလဲ

ရှိပြီး ညဆိုင်းအပါ ဥပဒေနဲလွတ်ကင်းမှလုပ်လို့ရတဲ့အလုပ်မျိုးစုဲရှိတတ်ပါတယ်။


တစ်ပတ်၂၈ နာရီနဲ့တစ်လတာဝင်ငွေက

နေစရိတ် ကျောင်းစရိတ် စားစရိတ်ကို

ကာမိရုံသာရှိပါတယ်။

စကော်လာဆိုရင်တော့ အနည်းအကျဉ်း

စုဆောင်းနိုင်မှာပါ။


ရောက်ရင်ပြီးရော

ရွေးချယ်ပြီးရင်တော့

သည်းခံပြီးလုပ်ရုံကလွဲလို့မရှိပါဘူး။


ပေးတာနဲ့တန်အောင်ခိုင်းပြီး

သွက်လက်မှုကလည်း

ဇကောထဲဇီးသီးလိမ့်နေသလိုပါပဲ။


📕နည်းပညာရှင်ဗီဇာ✍️


ကွန်ပြူတာအရှေ့မှာလုပ်ရတဲ့

အလုပ်များကလည်း

သူ့နည်းပညာအလိုက် 

စိတ်ဖိစီးမှုရှိတတ်ကြပါတယ်။


အရမ်းသက်သာတဲ့အလုပ်မျိူးမရှိပါဘူး

ရခဲ့ရင်လည်း ကံကောင်းလို့ပါ။


📕လစာတွေကတော့✍️

အခြေခံကိုစက်ရုံဝန်ထမ်းနုဲ့

ဘိူးဘွားစောင့်ရှောက်ရေး


📕ထရိန်နင်/တိုခုတဲ✍️

၁၆၀၀၀၀ ယန်းကနေ၂၀၀၀၀၀ ယန်း

အခွန်ဘာညာနေစရိတ်ဖြတ်ပြီး

၁၀ သိန်းနဲ့အထက်စုမိနိုင်ကြပါတယ်။


📕နည်းပညာရှင်ဗီဇာဆိုရင်✍️

ယန်း ၁၈ သောင်းကနေ နှစ်အလိုက် အတွေ့အကြုံအလိုက်ပညာရပ်အလိုက်

၄၀၀၀၀၀ ယန်း /၅၀၀၀၀၀ ယန်းအထိရတဲ့သူတွေရှိပါတယ်။


နည်းပညာရှင်ဗီဇာဖြစ်သော်လည်း

ရောက်ကာစ အခြေခံ ယန်း ၁၈ သောင်းလောက်ရတဲ့သူဆိုလည်း ၁၀ သိန်းကျော်သာစုဆောင်းနိုင်ပြီး 


လစာမြင့်မားတဲ့သူဆိုရင်တော့တစ်လ ၄၀ သိန်း / ၅၀ သိန်းစုဆောင်းနိုင်သူလည်းရှိပါတယ်(လူနည်းစုသာဖြစ်ပါတယ်။)


နောက်တစ်ခုက အမြဲတမ်းခန့်ဝန်းထမ်းဆို

၃ လခ စာလောက် ဘောနက်စ်ရှိတတ်ပါတယ်။


ဥပမာ ၅ နှစ်အထက်ဝန်ထမ်းဆို

တစ်လ ၃၀ သောင်းဝန်းကျင်လစာရနေတာမျိုးရှိပြီးတော့ဘောနက်စ် တစ်နှစ် နှစ်ကြိမ်  

စုစုပေါင်း ၈၀ သောင်းဆိုရင် 

ပျှမ်းမျှ တစ်လ ဝင်ငွေ ယန်း ၅ သောင်း

၆ သောင်း ဖြစ်တယ်လို့တွက်လို့ရပါတယ်။


မှတ်ချက်။ နည်းပညာရှင်ဗီဇာနဲ့လုပ်နေသော်လည်း ငါးနှစ်အထက်လုပ်ပြီးအဲ့ဒီလောက်မရနေသူတွေလည်းရှိတတ်ကြပါတယ်။ IT သမားတွေဆိုရင်တော့အောင်လက်မှတ်တွေရှိပြီး အလုပ်လုပ်တာတော်ရင် နည်းပညာကျွမ်းကျင်ရင် ရနိုင်ချေရှိပါတယ်။


လက်ရှိငွေပေါက်ဈေးကတော့ခန့်မှန်း

တစ်ယန်းကို ၁၃ ကျပ်လောက်ရှိပါတယ်၊


ပိုက်ဆံရှာချင်လို့အလုပ်နဲ့လာတဲ့သူတွေ

အရေးကြီးတာက လစာဖြစ်လို့


စုစုပေါင်းရမဲ့ငွေ

အခွန်ဖြတ်

အိမ်လခဖြတ်ငွေ

ဖုန်း အင်တာနက် အထွေထွေအသုံးစရိတ်

စားစရိတ် ယန် ၃ သောင်းလောက်ဖြတ်ပြီး

အသတင်ကျန်ငွေကို ငွေပေါက်ဈေးနဲ့မြောက်ပြီး မိမိမှာကျန်မှာကိုတွက်ကြည့်ပါ။


စာချုပ်မှာလက်မှတ်ထိုးပြီး

အလုပ်ဝင်ပြီးမှဆို ၃နှစ်/၅ နှစ် 

ကိုယ်ချုပ်လာတဲ့စာချုပ်သက်တမ်းအတိုင်း

နစ်နာပါတယ်။


#moezattlaypyae✍️

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...