Skip to main content

ဘဝသစ် စပါ

 ဘဝသစ် စပါ

=========


ပြန်မရတဲ့ အတိတ်တွေကို

တမ်းတ မနေပါနဲ့ 

ဘဝသစ် စပါ။



ရင်နာစရာတွေကို ထွေးပွေ့မထားပါနဲ့

ဘဝသစ် စပါ။


နာကျင်စရာတွေကို ပစ်ထုတ်ပြီး

ဘဝသစ် စပါ။


မဖြစ်နိုင်တာတွေကို မမျှော်လင့်ပါနဲ့

ဘဝသစ် စပါ။


ဘဝသစ် စပါ

မဖြစ်နိုင်တာတွေ မရနိုင်တာတွေကို

တောင်းတနေရင်း ဘဝအပျက်ခံတော့မလို့လား...?


လောကကြီးကို အရှုံးပေးတော့မလို့လား..?


လောကဓံတရားကို ရင်ဆိုင်ဖို့

ကြောက်ရွံနေပြီလား..?


အရာအားလုံးကို မေ့ထားပြီး

ဘဝသစ် စပါ။


မင်း လုပ်နိုင်ပါတယ်

နာကျင်စရာတွေကို မင်း မေ့နိုင်ပါတယ်။


အတိတ်တွေကိုလည်း

မင်း မေ့ပစ်နိုင်ပါတယ်

ခံစားမှုတွေကိုလည်း

မင်း မျက်ကွယ်ပြုနိုင်ပါတယ်။


တစ်လောကလုံးက 

မင်းကို ပစ်ပယ်ထားရင်တောင်

မင်းကိုယ်မင်းတော့ ချစ်တက်ရမယ်။


မင်းဘဝကို ပြုပြင် ပြောင်းလဲတက်ရမယ်

လူတိုင်းက အမှားနဲ့မကင်းကြပါဘူး

မှားမှန်းသိလို့ နောက်ပြန်လှည့်ပြီး

ပြောင်းလဲရမှာက မင်းတာဝန်ပဲ။


မှားခဲ့တဲ့ အမှားတွေကို ခေါက်ထားလိုက်ပါ

လမ်းမှန်လျှောက်ပြီး

ဘဝသစ် ပြန်စပါ။


ဘဝသစ် စပါ

မနက်ဖြန်က စလို့

မင်းဘဝကို အရင်ကထက်

ပိုပြီး ကောင်းမွန်အောင် နေပါ။


နေ့ရက်တိုင်းမှာ

ဘဝသစ်နဲ့ ပျော်ရွှင်အောင်နေပါ။


ငိုခဲ့တဲ့အချိန်တွေ ကုန်လွန်ပြီမို့

ပျော်ရွှင်ရမဲ့ အလှည့်မှာ

ဘဝသစ်နဲ့ ဖြတ်သန်းပါ။


ဘဝသစ် ပြန်စပါ။


စာဖတ်ပါ   

______________


ကျနော် အရင်က Messenger မှာ.. 

စကားတွေပြောရင်းအချိန်တွေကုန်ခဲ့တာ...

ဖုန်းဘေတွေ ကုန်ခဲ့တာကို အရမ်းနှမြောမိတယ်။


ကျနော် သတိထားမိတယ် 

လူတော်တော်များများက..

စာပေဗဟုသုတတွေထက် ပုံတွေမှာ

 likeတွေ...  comments တွေ ပိုများနေခဲ့တယ်။


ကျနော် အခုစာပေတွေကို 

ဖတ်ရတာများလာတော့...

Messenger မှာ စကားပြောချိန် နည်းလာတယ်...

စာပေတွေကို ဂရုစိုက်ဖြစ်လာတယ်။


ကျနော် စာတွေ ဖတ်တယ် ပြန်မှတ်မိလာဆိုတော့...

မမှတ်မိပါဘူး ဒါပေမယ့် 

ကျနော့် မှတ်ဉာဏ်တွေ...

ကောင်းလာတယ်။


ဥပမာ_ထုံးတွေ ပေနေတဲ့ခြင်းတစ်လုံးနဲ့

 မြစ်ထဲမှာရေခပ်ကြည့်မယ်

ရေမပါလာနိုင်တာ သိပေမယ့် 

ခပ်ပါများလာရင် ခြင်းမှာကပ်နေတဲ့..

ထုံးတွေ သန့်ရှင်းသွားမယ်။


ဒီလိုပါပဲ ကျနော်တို့တွေစာဖတ်ရင် 

မမှတ်မိနိုင်ပေမယ့်..

အမှားအမှန် ခွဲခြားတတ်လာမယ်

 ဦးနှောက်ထဲမှာ ရှိနေတဲ့..

အညစ်အကြေးတွေကို စာဖတ်ခြင်းနဲ့

ဆေးကြောမယ်..


ထို့ကြောင့် ကျနော်တို့တွေ စာများများဖတ်ရမယ်

စာပေချစ်သူ  များကိုလေးစားလျှက်🙏🙏🙏


  ဘ၀သစ်စနိုင်အောင် ကြိုးစားကျပါခင်ဗျာ။


မူရင်းရေးသားသူအားလေးစားစွာဖြင့် cradit ပေးပါသည်။


💞 မေတ္တာဖြင့်ပြန်လည်မျှဝေသူ 💞


                     👱‍♀️ 𝕊𝕠𝕦𝕟𝕘 𝕄𝕒𝕪 𝕃𝕚𝕟 👩

__________________________________

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧

✍✍✍✍✍✍✍✍✍

မေတ္တာဖြင့်တဆင့်

ပြန်လည်မျှဝေပေးပါသည်  

လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

လူငယ်များအတွက်

စိတ်ခွန်အားဖြစ်စေမည့် 

#ဘာသာရေးအသိပညာပေး

#ဘဝအောင်မြင်ရေး

#စိတ်ဓါတ်မြှင့်တင်ရေး

#စိတ်ဓါတ်ခွန်အားပေးစာစုများ

#ဝတ္ထုအတိုဝတ္ထုအရှည်များ

#ဒဿနစာစုများ

#ဗဟုသုတရသစာပေများကို

တနေရာထည်းမှာပဲ ရသအစုံ

ဖတ်ချင်လိုပါက 

ကျွန်တော့ Page ကနေ ဖိတ်ခေါ်ပါတယ် Like & Follow လုပ်ပေးသွားကြပါအုံး👇👇👇👇👇👇👇👇

https://www.facebook.com/A-Lwan-%E1%80%A1%E1%80%9C%E1%80%BD%E1%80%99%E1%80%BA%E1%80%B8-104196402254231/

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...