~~တောင်းပန်ပါတယ်တဲ့...
ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာ
လွယ်လွယ်ပြောထွက်ရက်မှာပေါ့။
~~~လောကမှာ လူတစ်ချို့က
ကိုယ့်အတ္တပဲ ကိုယ်ကြည့်ပြီး
သူများဘဝတွေကို စာနာပေးဖို့
ဝန်လေးတတ်ကြတယ်။
~~~ကိုယ့်အတ္တသာ ကိုယ်ကြည့်ပြီး
သူများခံစားချက်ကို နားလည်ပေးဖို့
တွန့်ဆုတ်နေတတ်ကြတယ်။
~~~တစ်ကယ်တော့ ငါသာဆိုရင်
သူ့နေရာမှာ ဆိုတဲ့
ခံစားချက်လေးနဲ့ မျှမကြည့်ပေးတတ်ကြလို့ပါ။
~~~သင့်တန်ဖိုးကို မသိတဲ့သူရဲ့ဘေးမှာနေသရွေ့ ဘယ်တော့မှ သင့်တန်ဖိုးဆိုတာ ရှိလာမှာမဟုတ်ဘူး။
~~~ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ ကိုယ့်အတွက်
စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့
အဝေးဆုံးမှာ နေတတ်ခြင်းက
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။
မေတ္တာများစွာဖြင့်
nanthanthanhtay (ဘဝစာပေ)
credit

Comments
Post a Comment