Skip to main content

ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊

 ➡️ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊

➡️ဆေးရုံရောက်ရင် 


➡️ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်


➡️သင့်ကို အရမ်းချစ်နေကြောင်း 

 မကြွားပါနဲ့၊

➡️သင်ထက်သာတဲ့သူနဲ့ 

➡️အစားထိုးမယ့်အစီအစဉ်က

 ရှိနေပြီးသာပါ


➡️အလုပ်ကောင်းကြောင်း မကြွားပါနဲ့၊

➡️သင်ပြိုသွားတာနဲ့ 

➡️နောက်တစ်ယောက်ချက်ချင်း 

 အစားထိုးတယ်


➡️ရာထူးကြီးကြောင်း မကြွားပါနဲ့၊

➡️အသက်၆၀ပြည့်ရင် အော်တို

 ပြုတ်သွားတယ်


➡️အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့

➡️သင်မရှိတော့တာနဲ့ 

➡️တခြားလူဟာဖြစ်သွားတယ်


➡️️ရွှေ ငွေ လက်ဝတ်ရတနာတွေ 

➡️ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့၊

➡️သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်


➡️️ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့၊

➡️သင်ထွက်သွားတာနဲ့ ကားသော့က 

➡️တခြားလူလက်ထဲရောက်သွားတယ်


➡️သင်ကြွားနိုင်တဲ့ 

➡️တစ်ခုတည်းသောအရာက

➡️သင့် #ကျန်းမာရေး ပါ

 

➡️တခြားလူတွေထွက်သွားချိန်မှာ

➡️သင် ရေနွေးကြမ်းသောက် 

➡️နေပူစာလှုံရင်း ဘဝကိုခံစား 

➡️ကုသိုလ်တရားတွေ လုပ်နေနိုင်ပါတယ်။


➡️ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ 

➡️မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ 

➡️ဂုဏ်ပြိုင်တတ်တာ မျိုးလည်း 

➡️ရှောင်ကြဉ်ရပါမယ်။


➡️မာနလွန်ကဲပြီး 

➡️အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ 

➡️သူလည်း မဖြစ်စေရပါဘူး။ 

➡️မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။


➡️ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ 

➡️အာဏာ သူများထက် သာတယ်လို့

➡️ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ 

➡️အထင်ဟာ အထင်ပါပဲ၊ 

 တကယ်မဟုတ် ပါဘူး။


➡️မသေခင်မှာ 

➡️တဏှာကင်းအောင် ကြိုးစားရပါမယ်။ 

➡️လုံး၀ မကင်းတောင် 

➡️နည်းနိုင်သမျှ နည်းရပါမယ်။ 


➡️အစွန်းထွက်တဲ့ တဏှာမျိုး၊ 

➡️လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး 

➡️လုံး၀မဖြစ်အောင် 

➡️သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။


➡️ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ 

➡️ဖြစ်မလာသေးတဲ့ 

➡️အနာဂတ် အကြောင်းတွေကို 

➡️မလိုအပ်ဘဲ တွေးတောနေပြီး 

➡️စိတ်ပင်ပန်း မနေသင့်ပါဘူး။


➡️မသေခင် ကိုယ်တကယ်ပိုင်တဲ့ 

➡️ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ 

➡️စိတ်ကို တည့်တည့် ချထားပြီး 

➡️လုပ်သင့် လုပ်ထိုက်တာကို 

➡️အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။


➡️မသေခင်မှာ ကိုယ့်စိတ်ကိုယ် 

➡️ဒေါသမီး မလောင်မြိုက်အောင် 

➡️တိမ်းရှောင်နိုင်ရ ပါမယ်။


➡️ထစ်ကနဲရှိ 

➡️ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ 

➡️သူလည်း တစ်နေ့သေ၊ 

➡️ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ 

➡️ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။


➡️နေရာတကာမှာ 

➡️စိတ်ပူပန်တတ်တဲ့ သူလည်း 

 မဖြစ်သင့်ပါဘူး။


➡️တိုတောင်းလှတဲ့ ဘဝလေးကို 

➡️စိတ် ပူလောင်မှုတွေနဲ့ 

➡️ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။


➡️စိတ်အေးအေး၊ 

➡️ခေါင်းအေးအေးနဲ့ အရာရာကို 

➡️ယောနိသော မနသိကာရ ထားတတ်ဖို့ 

➡️အရေးကြီးပါတယ်။


➡️မသေခင်မှာ တစ်နေ့ထက် တစ်နေ့ 

➡️ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် 

➡️ကြိုးစားနေရ ပါမယ်။ 

➡️လောကီဉာဏ်သာ မက 

➡️လောကုတ္တရာ ဉာဏ်ပါရမှ 

➡️လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။


#ငှက်ပျော့ချောင်းရွာဦးကျောင်းတိုက်

#Credit#

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...