Skip to main content

" မေတ္တာစူးလို့မရူးစေလို "

 " မေတ္တာစူးလို့မရူးစေလို "

💗🥀💗🥀💗🥀💗🥀


ကိုယ့်အပေါ်...

မေတ္တာအစစ်အမှန်ပေးတဲ့သူကို...

မပြစ်မှားပါနဲ့



မေတ္တာ တရားဆိုတဲ့ စကားလုံးလေးဟာ

အင်မတန်မှ ကြားလို့ကောင်းတယ်

နာလို့ကောင်းတယ် 

ခံယူလို့ကောင်းတယ်

သိမ်မွေ့တယ်

နူးညံ့တယ်လို့ ခံစားရတယ် 


ဒါပေမဲ့ 

အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း 

မိုးကြိုးတစ်စင်း...

မုန်တိုင်းတစ်ခု လိုလည်း...

အန္တရာယ် ရှိပါတယ်


စင်စစ်,မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်

သူ့နောက်မှာ စေတနာပါတယ်

စေတနာနဲ့ ကပ်လျှက် မှာ

ကရုဏာတရား ပါတယ်

ကရုဏာ ဆိုတဲ့သဘောတရားနောက်မှာ...

သနားကြင်နာမှု တွေကျန်သေးတယ် 


ဒါနဲ့တင် မပြီးသေးဘူး

ကိုယ့်အတွက် ခွန်အားတစ်ချို့ကိုပါ

ဖြစ်တည်စေတယ်


ဒါကြောင့် 

ရှေးပညာရှိတွေက ပြောကြတယ်

#မေတ္တာ မစူး စေနဲ့ တဲ့...

မေတ္တာ တရားကိုနားမလည်တဲ့သူ

တန်ဖိုးမထားတဲ့ သူတွေဟာ

#ဝဋ် လည်တဲ့အပြင်

မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ...

ခံစားရတတ်တယ်


လောကမှာ တစ်ချို့သော လူတွေက

မေတ္တာတရားကို နားမလည်ကြဘူး 


သူတို့ အတ္တတွေ အတွက်

ကိုယ်ချင်းစာတရား နည်းပါးကြတယ်


သူတို့ မာန အတွက် 

တစ်ဖက်လူရဲ့ ခံစားချက်ကို 

မစာနာတတ်ကြဘူး 


အဲ့ဒီလို လူတွေဟာ ..

#မေတ္တာစူးတတ်တယ် 


ဒါကြောင့် ကိုယ့်အပေါ်ကို

 မေတ္တာ တရားထားပေးတဲ့သူ...

ဝေမျှပေးတဲ့ သူတွေကို ...


မနာကျင်စေနဲ့ 

မထိခိုက်စေနဲ့...

မလိုချင်ရင်တောင်

မစော်ကားမိစေနဲ့ 

ဝမ်းနည်းမှုတွေကို...

ပြန်မပေးမိပါစေနဲ့ 


အဲ့ဒီ လူတွေမရှိတော့တဲ့

အချိန်ကာလ တစ်ခုမှာ


ကိုယ်ပြုသမျှတွေက

#ဝဋ်ကြွေး ပြန်လိုက်တတ်တဲ့အပြင်

မေတ္တာတွေက ပြန်လည်ပြီး"စူးရှ"တတ်တယ် 


အဲ့ဒီအချိန်ဟာ

လူးလိမ့်စွာနဲ့ ခံစားရမယ့် အချိန်ပါပဲ


ဘဝမှာ

ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို 

ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ 


ကိုယ့်အတွက်

ပြန်လည်ပြီး ပေးဆပ်ရမယ့်

 #ဝဋ်ကျွေးကံကြမ္မာ တစ်ခုကို 

အတိုးနဲ့ ရယူလိုက်ခြင်းပါပဲလို့  


Credit...

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...