Skip to main content

"အေးချမ်းအောင် နေကြည့်ပါ"

 "အေးချမ်းအောင် နေကြည့်ပါ"

~~~~~~~~~~~~~~~~~


“အေးအေးချမ်းချမ်း နေကြပါ” လို့ ကျွန်တော် ပြောရင် 

“အေးအေးချမ်းချမ်း နေချင်တာပေါ့

 ဘယ်သူက မအေးမချမ်း ပူပူဆူဆူနဲ့ နေချင်မှာလဲ” ဆိုပြီး ပက်ခနဲ ကျွန်တော့ကို ပြန်ပြောလိမ့်မယ်လို့ ထင်တယ်။



အဲ့လို ပြန်ပြောပြီဆိုကတည်းက 

သူ မအေးချမ်းတော့ဘူး


ခုချိန်ထိ မမေ့သေးတာ တစ်ခုရှိသေးတယ်။ ကျွန်တော် ငယ်ငယ်က ချိုင်းမှ အနာပေါက်တော့ ဆရာဝန်ဆီမှာ သွားခွဲရတယ်။ အဲ့ဒီ အချိန်တုန်းက ကျွန်တော့ အစ်မက 

“မောင်လေး 

ယောက်ျားလေးပဲ မနာဘူး တောင့်ခံထား” လို့ဆိုတဲ့အခါ 

“ခံရတာက ငါပဲ

နာတာ ငါပဲသိမှာပေါ့” လို့ အရွယ်ငယ်ငယ်နဲ့ ပြန်ပြော တာကိုကြည့်ပြီး ဆရာဝန်နဲ့အားလုံး ရယ်ကြတာ ကြုံခဲ့ဖူးတယ်


အေးအေးချမ်းချမ်း နေထိုင်ပါလို့ ကျွန်တော်ဘယ်လောက် ပြောပြော “ကိုယ့်အပူ ကိုယ်သာသိ" ဆိုသလို ကိုယ်တိုင်ခံစားလာရတဲ့အခါ ဘယ်သူ့ကိုမှ တရား မပြနိုင်ရှာဘူးဆိုတဲ့ အဖြစ်လေးကိုလည်း သတိရမိတယ်။


တစ်ခါက ရွာတစ်ရွာမှာ ဘုန်းကြီးတစ်ပါးဟာ တစ်ရွာလုံး မှာရှိတဲ့ မိသားစုတွေ ဘယ်သူ ကွယ်လွန် ကွယ်လွန် 

"တရားနဲ့ဖြေပါ ဒါယကာ

တရားနဲ့ဖြေပါ ဒါယိကာမ"လို့ ဆုံးမလေသတဲ့


တစ်ရက် 

ဆရာတော်ရဲ့ အမေ ကွယ်လွန်တဲ့အခါ ဆရာတော်ဟာ မျက်ရည်ကျ ဝမ်းနည်းပူဆွေးတဲ့အတွက် 

"တရားနဲ့ဖြေပါ ဆရာတော်" လို့ လျှောက်တဲ့အခါ 

 “တရားနဲ့ မဖြေနိုင်ဘူး 

ဒါ ငါ့အမေကိုး” ဆိုတဲ့ ရယ်စရာ ဟာသလေးကို ပြန်ပြီး မှတ်မိပြန်တယ်။


ဘဝမှာ ....

"အေးအေးချမ်းချမ်း နေထိုင်ပါ

အေးအေးချမ်းချမ်း လုပ်ကိုင်ပါ" ဆိုတာ ဘယ်အလုပ် ကို လုပ်လုပ် ဆင်ခြင်တုံတရားကပ်ငြိပြီး လုပ်ကိုင်ဖို့ ဆိုလိုခြင်းပဲဖြစ်တယ်။ 


ယခု စာဖတ်သူတို့ မြင်ဖူးကြမယ်ထင်ပါတယ်

အချို့သူတွေ 

ဘာလုပ်လုပ် ဘယ်တော့မှ အေးအေးဆေးဆေး မလုပ်ဘူး။ 

ပူညံ ပူညံနဲ့ လုပ်တယ်

ပူညံ ပူညံ ပြောဆိုတယ် 

သူ့ကြည့်ရတာ အေးချမ်းမှု မရှိသလို ခံစားရတယ်။


သူကိုယ်တိုင်က ဝသီ၊ အလေ့အထ တစ်ခုလို ဖြစ်နေတော့ သိချင်မှ သိမှာပေါ့

ဒါမှမဟုတ် 

ငါ့အကျင့်ပဲ ဘာဂရုစိုက်စရာလိုလဲ တွေးရင်လည်း တွေးမှာပေါ့ 

ဒါပေမဲ့

ဘေးနားက လူက သူ့ကိုကြည့်ရတာကို မအေးချမ်းဘူး


စာဖတ်သူတို့ ဘဝမှာ ပြဿနာ တစ်ခုဖြစ်လာတိုင်း  ဘယ်လိုဖြေရှင်းဖူးလဲ…


ကျွန်တော်လည်း အရင်က ပြဿနာ တစ်ခုဖြစ်ရင် 

ဘာမှ မစဉ်းစားဘူး။ အဲ့ ပြဿနာကိုပဲ ကြည့်ပြီး ချက်ချင်းတုံ့ပြန်လေ့ရှိတယ်


ထိုအချိန်က ကိုယ်အနိုင်ရရင်ပြီးရော 

ကျန်တာတွေ ကျွန်တော်တို့ မစဉ်းစားမိဘူး

သွေးအေးသွားတဲ့ အချိန်မှ နောင်တဆိုတဲ့ အရာတွေ များစွာပါပဲ

အသက်အရွယ်နဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်


တကယ်တော့ ပြဿနာတစ်ခုဖြစ်လာပါက

"ချက်ချင်းမှ မတုံ့ပြန်ရင် ကိုယ်သေပြီ" ဆိုတဲ့ အရေးမှ အပ ကျန်ကိစ္စတွေကို ဖြေရှင်းတဲ့အခါ ချက်ချင်း မတုံ့ပြန်ပါနဲ့


သင့်ကို ထိခိုက်စရာ တစ်ခုလုပ်ပြီဆို ဘယ်လောက်ပဲ ဒေါသထွက်နေ ထွက်နေ 

☄️မျက်လုံးလေးကို အသာမှိတ် ထားပါ


ပြီးရင် ...

☄️အသက်ဝဝရှုပြီး ဂဏန်း (၁) ကနေ (၁၀) အထိ ဖြည်းဖြည်းချင်း ရွတ်ကြည့်ပါ

☄️ဆက်ပြီး ပြဿနာအဆုံးကို ကြည့်ပါ

ငါ လုပ်လိုက်လို့ ဖြစ်လာမယ့်အကျိုးဆက်ဟာ ဘာလဲ။ ဆိုးကျိုးထက် ကောင်းကျိုးများနေရင် သင်လုပ်ပါ

ဒါတောင် ဆိုးကျိုးရဲ့ ဒဏ်ကို ငါခံနိုင်လား စဉ်းစားပါအုံး


☄️နောက်တစ်ခုက 

ငါလုပ်လိုက်ရင် အလဲထိုးနိုင်မှာလား 

အလဲမထိုးနိုင်ရင်လဲ သင်မလုပ်ပါနဲ့အုံး

ဆိုလိုချင်တာက ပြဿနာတစ်ခု ဖြစ်လာရင် ပြဿနာ အပေါ်ပဲ မကြည့်ပါနဲ့

ပြဿနာအဆုံးကို ကြည့်ပါ 

အဲ့ဒီ အဆုံးအထိ ရလာဒ်ရဲ့ ကောင်းမွေ၊ ဆိုးမွေ အကုန် ဒဏ် ကိုယ်ခံနိုင်မှ ကျွန်တော်တို့ ရင်ဆိုင်ပါ


ဒါ့အပြင် 

☄️ပြဿနာမရှိဘဲ သာမာန်အချိန်တွေဆို အေးအေးလူလူ နေတတ်အောင် ကျင့်ကြံပါ

ဥပမာ ဆိုကြပါစို့

ကျွန်တော် တွေ့ဖူးပါတယ် 

အချို့ဆို အလုပ်တစ်ခု ခိုင်းလိုက်တယ် 

ခေါင်းကုတ်၊ ဖင်ကုတ် 

မလုပ်ချင်သလို၊ စိတ်ပျက်သလိုလို

နောက်ဆုံး လုပ်ရတာပဲ

အဲ့တော့ 

လုပ်ရမှာ သေချာနေတဲ့ အလုပ်ဘာဖြစ်လို့ ညည်းတွားနေမှာလဲ

အလုပ်လည်း အောင်မြင်သင့်သလောက် မအောင်မြင် သလို ကိုယ့်အပေါ် ယုံကြည်မှုလည်း ကျဆင်းစေတယ်


လုပ်ရမှာ သေချာနေတဲ့အလုပ်

ရှောင်လွှဲမရတဲ့အလုပ် 

ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်လုပ်ကိုင်လိုက်ပါ


ဘဝမှာ သင့်ကို အေးချမ်းအောင် ဘယ်သူကမှ မလုပ်နိုင်ဘူး။ သင်ကိုယ်တိုင်ကပဲ လုပ်နိုင်မှာပါ


ဒါပေမဲ့

သင့်ကို ပူပင်အောင်တော့ 

သင်ကိုယ်တိုင်ရော

သင့်ပတ်ဝန်းကျင်ကပါ ရာနှုန်းပြည့် လုပ်နိုင်တယ်ဆိုတာတော့ ဘယ်တော့မှ မမေ့ပါနဲ့


အဆိုတစ်ခု ကြားဖူးတယ်

ကံဆိုးခြင်းတွေ ရောက်မလာဖို့ တံခါးပေါက်တွေကို ပိတ်ထားတဲ့အခါ

ကံကောင်းခြင်းတွေက ဘယ်အပေါက်ကဝင်လာမလဲတဲ့


ဒါ့ကြောင့် 

အပူရော၊ အအေးရော 

ဝင်လာနိုင်တဲ့ အရာတွေကို ဝင်ခွင့်ပြုလိုက်ပါ


ဒါပေမဲ့

ရောက်လာတဲ့အထဲက အပူတွေအားလုံးကိုတော့ 

သင့်ဆီရောက်ရင် ရပ်တန့်အေးချမ်းဖို့တော့ သင်ကပဲ လက်ခံနိုင်စွမ်း၊ တုန့်ပြန်နိုင်စွမ်းနဲ့ ဘယ်လို အေးအေး ဖြေရှင်းမလဲလို့ စွမ်းဆောင်ရမှာပါ


ဒါ့ကြောင့်

ပူပင်သောကတွေ များတဲ့ ဒီလိုကာလသာ မက ဖြတ်သန်းမှုတစ်လျှောက်မှာ အေးချမ်းမှုကို ကိုယ်ကိုယ်တိုင်ကပဲ ရှာနိုင်တာ

ကိုယ်ကိုယ်တိုင်ကသာ ပျိုးထောင်နိုင်တာမို့

သင်ကိုယ်တိုင် အေးချမ်းစေဖို့ ခုပဲ စတင်ကြည့်ပါ…။


စာဖတ်သူအပေါင်း 

ဘဝတစ်လျှောက် စိတ်အေးချမ်းသာခြင်းများ ပြုစုပျိုးထောင်ရင်း လက်တွေ့ဆန်သော အေးချမ်းရာဘဝများ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်ဗျာ


သင်၏ အားပေးမှုဖြင့် စာပေခရီး ဆက်ခွင့်ပြုပါ

ဆြာချစ် 

(၂၀၂၂ ဇူလိုင် ၆)

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...