Skip to main content

လမ်းခွဲတော့မယ်ဆိုရင် ဒါလေးကို ဖတ်ကြည့်ပါ

 ဟယ်လို bro

ချစ်သူကို လမ်းခွဲတော့မလို့လား !


" ခဏလေး တွေးကြည့်ရအောင် "



လမ်းခွဲမယ်ဆိုတဲ့အတွေးက ခေါင်းထဲဝင်လာတတ်တာ

ခင်ဗျားတစ်ယောက်တည်းမဟုတ်ပါဘူး

ချစ်သူတွေတိုင်း ကြုံနေရတဲ့ အနေအထားတစ်ရပ်ပါ။

ဒါပေမယ့် ဖြေရှင်းနိုင်သူနဲ့ ကျရှုံးသူတွေပဲကွာသွားတာ။


" သူ့ဘက်ကိုရော တွေးပေးမိသေးသလား ! "


လူသိရှင်ကြားတွဲထားတဲ့ ကောင်မလေးတစ်ယောက် 

ချစ်သူနဲ့လမ်းခွဲလိုက်တဲ့အခါ


ဥပမာဗျာ - သူ့သူငယ်ချင်းတွေကြားမှာဖြစ်စေ၊သူ့အသိုင်းအဝိုင်းကြားမှာဖြစ်စေ

" သူပေါ့ သူ့ချစ်သူနဲ့ဘာသံညာသံတွေ ဘယ်လိုကြားမိတာ " ဆိုတဲ့

လူမသိ သူမသိ 

အပျင်းပြေဝါးတဲ့ အတင်းပြောစရာ သရေစာတစ်ခုအနေနဲ့သုံးကြတော့မှာ။


" ကိုယ့်ကိုယ်ကိုယ် အမေးအဖြေလေး လုပ်ကြည့်ပါလား ! "


သူ့ကြောင့် မပျော်ရွှင်ခဲ့ဖူးဘူးလို့ ပြောရဲလား !


သူ့ကို ငိုအောင်မလုပ်မိခဲ့ဖူးဘူးလို့ရော ပြောရဲလား !


ကိုယ့်အားနည်းချက်တွေကို သူနှိမ်ဖူးသလား !


ကိုယ်စိတ်ညစ်နေတဲ့အခါ သူပျော်နေဖူးသလား !


" ကျနော်က သူ့ကိုမပြောဘဲ ထိန်းထားခဲ့တာတွေ အများကြီး ဗျ " 


အိုကပေါ bro 

ကိုယ့်အတ္တလေးနည်းနည်းလေးလျော့ပြီး တဖက်ကနေ ပြန်တွေးကြည့်ပါလား !

သူလည်း bro ကို မပြောဘဲ မြိုသိပ်ထားတာတွေ တပုံကြီးရှိနေနိုင်ပါတယ်။

အင်း … … … တပုံကြီးမက ရှိနေမှာကျိန်းသေပါတယ်။ 


" နောက်တစ်ယောက်ထားကြည့်မယ် "


ကြမ်းကျွံရင် ပြန်နှုတ်လို့ရတယ် bro 

ဒါက ကြမ်းတော့မဟုတ်လောက်ဘူး။

စဉ်းစားပါဦး 


နောက်တစ်ယောက်ကရော စင်းလုံးချော ဖြစ်လိမ့်မယ်လို့ တွေးနေလို့လား !


- မင်းလောက် ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး တို့

- သခင့်ဆီအပြေးပြန်လာမည်တို့ ဆိုနေရပါဦးမယ်။


" နေနိုင်အောင်နေမယ် " 


နေနိုင်ဖို့တော့ မပူပါနဲ့ 

ဘယ်သူမှလွမ်းလို့ဆိုပြီး မသေသွားကြပါဘူး

ဒါပေမယ့် တည်ဆောက်ထားတဲ့အိပ်မက်တွေတော့ ပျက်စီးသွားလိမ့်မယ်။


" နားလည်မှုမရှိဘူးဗျ "


ချစ်သူတွေ ဘာလို့လမ်းခွဲကြသလဲဆို 

နားလည်မှုမရှိလို့လို့ပြောကြတယ်။


အိုကေ . . . 

တစ်ဝမ်းတည်းမောင်နှမတောင် အယူအဆမတူကြတာ

သူစိမ်းနှစ်ယောက်က ဘယ်လိုကြောင့်နားလည်မှုရှိနေရမတုန်း။


ကျနော်ကတော့ သည်နေရာမှာ " ခွင့်လွှတ်မှု " လို့ပဲ သုံးချင်တယ်။


သူကလည်း သူ့စိတ်နဲ့သူ့ကိုယ်

ကိုယ်ကလည်း ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်လေ။


သူ့အပေါ်ချစ်စိတ်လေးနဲ့ပဲ အပြစ်ဖြစ်နေတဲ့ သူ့ကွက်လပ်လေးတွေကို ဖြည့်လိုက်ရတာပဲ။


" နည်းနည်းဖီးလ်ကြည့်ဗျာ "


တစ်ယောက်တည်းစိတ်ညစ်နေချိန်မှာ ခင်ဗျားဘက်မှာ သူရှိနေပေးခဲ့တယ်လေ။

အားရပါးရ ငိုကြွေးချင်နေချိန်တွေမှာ သူနားထောင်ပေးခဲ့တယ်လေ။


ခင်ဗျားပျော်ဖို့ သူသိတာလေးတွေရော သူမသိတသိလေးတွေရော လျှောက်တွေးပြီး သူလုပ်ပြခဲ့တယ်လေ ။


ခင်ဗျားနဲ့ဝေးရင်ဆိုပြီး သူကလေးတစ်ယောက်လို ငိုခဲ့ဖူးတယ်လေ။


ခင်ဗျားမကြိုက်ဘူးဆိုလို့ သူကြိုက်ပါတယ်ဆိုတဲ့အရာတွေကို စွန့်လွှတ်ခဲ့သေးတယ်လေ။


ခင်ဗျားနဲ့တွေ့ရင် ပျော်နေတတ်တဲ့သူ

ခင်ဗျားနဲ့တွေ့ရင် ကလေးဆန်သွားတတ်တဲ့သူ

ခင်ဗျားနဲ့တွေ့ရင် ပြောစရာစကားတပုံကြီးနဲ့သူ


ခင်ဗျားရဲ့ချစ်သူလေ

ခင်ဗျားကို တံတိုင်းကြီးတစ်ခုလို အားကိုးမှီနွဲ့နေချင်တဲ့သူ။

ခင်ဗျားနဲ့အတူဆိုတဲ့ အနာဂတ်ကို မျှော်လင့်နေတဲ့သူ 


ခင်ဗျား ပြောချင်တာတွေ လျှောက်ပြောတော့လည်း

သူမပျင်းမရိပဲ နားထောင်ပေးခဲ့တာပဲ။

သူမသိ မတတ်တဲ့ အရာတွေလည်း ခင်ဗျားလိုချင်တယ်ဆို 

သူကြိုးစားပေးခဲ့တာပဲ။


သူက စကား တွတ်တီ တွတ်တာမပြောတတ်ပေမယ့် 

ခင်ဗျားမျက်လုံးတွေကို ငေးနေရရင်ကို ပျော်နေတာ။

သူက အရမ်းအရမ်းကြီး ရိုမဆန်ပေမယ့်

အာဘွားလို့ဆိုတဲ့ စကားလေးကိုပဲ ပျော်နေတာ။

ချစ်လားလို့ အမြဲမေးဖို့မေ့နေပြီး

ချစ်တယ်လို့ တဖွဖွပြောချင်နေတဲ့သူလေ။


" သူနဲ့လမ်းခွဲမယ်ဆို တကယ်ပျော်မှာလား ! "


ပျော်တော့ပျော်မှာပေါ့ 

ခင်ဗျား လွတ်လပ်သွားလိမ့်မယ်။

အချိန်တွေပိုလာပြီး တခြားလုပ်စရာကိစ္စတွေ ပိုပြီးမြောက်လိမ့်မယ်။

ရည်မှန်းချက်တခုခုရှိခဲ့မယ်ဆိုရင် . . . ပိုပြီးမြန်မြန်ဆန်ဆန် အထမြောက်သွားလိမ့်မယ်။


ဒါပေမယ့် ခင်ဗျားတွေးကြည့်ရဲ့လား !

အောင်ပန်းကို ဆွတ်ခူးနိုင်ပေမယ့် ခင်ဗျားနဲ့အတူ ဝေမျှခံစားမယ့်သူတော့ မရှိတော့ဘူး။


အကယ်၍ နောက်ထပ်ရလာမယ့် အသစ်ကလည်း

အတူခံစားပေးမှာပေါ့ ( အောင်မြင်မှုပဲဟာ။)

ဒါပေမယ့် ရေဆန်မှာ အတူရုန်းဖူးတဲ့သူမဟုတ်တော့ 

ခင်ဗျားအပျော်ကို (ချစ်သူဟောင်းလို) သူအပြည့်အဝနားလည်မှာမဟုတ်ဘူး။


မျက်စိနဲ့မခွဲခြားနိုင်တဲ့အရာတွေကို ခံစားချက်နဲ့ဆုံးဖြတ်ပါ။

ဦးနှောက်နဲ့မဆုံးဖြတ်နိုင်တဲ့အရာတွေမှာ နှလုံးသားရဲ့အလိုကိုလိုက်ပါ။


ကိုယ့်အပေါ်ကောင်းခဲ့သူတွေကို မေ့ပစ်ရတာ

ထင်သလောက်မလွယ်ကူပါဘူး။


ကိုယ့်အပေါ်ဘယ်လိုမှမကောင်းတဲ့အပြင်

လိမ်ညာမှုတွေကလည်းရှိနေသေးတယ်ဆိုရင်တော့ သဘောပေါ့ဗျာ။


မုန်းလျှင် အပြစ်

ချစ်လျှင် အကျိုး 

မြတ်နိုးတော့ သဒ္ဓါ တဲ့ ။


မမုန်းဘဲနဲ့တော့ အပြစ်မမြင်လိုက်ပါနဲ့ဗျာ။

ချစ်သူတွေကြားက ပြဿနာကို သေချာပြန်ဆန်းစစ်ကြည့်ရင် ခွင့်လွှတ်နိုင်လောက်တဲ့အရာပါ။

#crd

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...