Skip to main content

❤️ တန်းဖိုးရှိသောစာ ❤

 ❤️ တန်းဖိုးရှိသောစာ ❤


၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ 


၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။


၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ


၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။


၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။


၆။ ဘဝသီအိုရီ တွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။


၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတတ်အောင် ကြိုးစားပါ။


၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ယာရှာတဲ့အရွယ် ကြင်ယာရှာပါ

ပညာရှာတုန်း ကြင်ယာမရှာမိပါစေနဲ့ 

ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။


၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာ ပမာသူဖုန်းစားတဲ့။



၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ် 


၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်


၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။


၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။ 


၁၄။ အားနာရင် ခါးပါတတ်တယ်။ 

မဖြစ်နိုင်ရင် လိမ္မာပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။


၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့

မျှော်လင့်ချက်က တစ်နေ့ ဒုက္ခပေးတတ်တယ်။


၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။


၁၇။ ပေးကမ်းပါ စွန့်ကြဲပါ တစ်စုံတစ်ခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။ 


၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။


၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။ 


၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။


၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။


၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။


၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။


၂၄။ ချွေတာသင့်တာ ချွေတာပြီး စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။ 


၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။


၂၆။ တစ်နေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို လေ့ကျင့်ပျိုးထောင်ပါ။


၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။


၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။


၂၉။ အချိန်မီ ကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။


၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။

အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။


Credit

Sai Nay(ရှမ်းမြေ)ပရိဟိတလူငယ်များ


လူငယ်များအတွက်

စိတ်ဓာတ် ခွန်အားဖြစ်စေမယ့် စာပေများဖတ်ချင်ရင်

ကျွန်တော့ Page ကနေ ဖိတ်ခေါ်ပါတယ် Like & Follow လုပ်ပေးသွားကြပါအုံး

https://www.facebook.com/A-Lwan-%E1%80%A1%E1%80%9C%E1%80%BD%E1%80%99%E1%80%BA%E1%80%B8-104196402254231/

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...