တချို့က
အဆင်ပြေရဲ့လားဆိုတဲ့ စကားကို
စိတ်ရင်းအမှန်နဲ့ သိချင်လို့ မေးတယ် ။
တချို့က
အဆင်မပြေဘူးဆိုတဲ့ အသံကြားရရင်
အားရဝမ်းသာနဲ့ စိတ်ကျေနပ်ချင်လို့ မေးတယ် ။
ဘယ်လိုစိတ်နဲ့ပဲ မေးမေး
အဆင်ပြေတယ်လို့ပဲ ဖြေခဲ့တယ် ။
ဘယ်သူ့ကိုမှ
ကိုယ့်ကြောင့် စိတ်မညစ်စေချင်သလို
ကိုယ့်ကို ဟားတိုက်ရယ်မောနေတာကိုလည်း မလိုချင်လို့ ။
#မနောသီရိ
#အတွေးနဲ့အမြင်စာစုလေးများ
Comments
Post a Comment