မိုးလေး အေးလာတော့
အတွေးထဲ ...
မင်းလေးက အပြေးလေးရောက်လာတယ်
အဆင်ပြေရဲ့လားဆိုတာမျိုးတွေ
ပျော်နေရဲ့လားဆိုတာမျိုးတွေ
ဆိုင်မနေမှန်းသိပေမယ့်
ငေးမကြည့်ပဲ
မနေနိုင်သေးတဲ့
ကိုယ့်မှာ ...
မင်းမသိသေးတဲ့ accလေးနဲ့
ခိုးခိုးပြီး ကြည့်ရတယ်
မင်း မသိနိုင်တဲ့
ဖုန်းလေးနဲ့ ဆက်ရတယ်
Hello ... မင်းအသံလေးကြားပြီပဲ
ဒီနေ့အတွက်
လုံလောက်ပြီ
ဒီလောက်ပဲပေါ့
ဒီနေ့လဲ
မင်းကို လွမ်းပါတယ် ။
#ကျေးကို
Comments
Post a Comment