"မင်းလို လူမျိုး မင်းမတွေ့ပါစေနဲ့..." °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° မျှော်လင့်ချက်တွေ မရှိရင် ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့တယ်တဲ့ မင်းငါ့ကို မျှော်လင့်ချက်တွေ ပေးခဲ့တယ်လေ “ငါမှတစ်ပါး အခြားမရှိစေရ” ဆိုတဲ့ မင်းနှုတ်ဖျားက စကား ငါ့’ နားမှာပဲ အဆုံးသတ်သွားတယ်လို့ မင်းထင်ခဲ့တာလား မင်းက နှုတ်ဖျားက လာရုံပါ ငါကနှလုံးသားမှာ ကမ္ပည်းတောင် ထိုးခဲ့တာ မင်းနဲ့ ပတ်သက်တဲ့ အိပ်မက်တွေ ငါ့မှာရှိတယ် ဒါလည်း မင်းသိတယ် ငါက အစွဲအလမ်း ကြီးလွယ်တယ် ဒါပေမဲ့ မင်းက ရိုးအီတတ်တယ် ငါက တို့အနာဂတ်အတွက် တစ်ဖက်သတ် ဆေးရောင်လှလှခြယ်နေချိန် မင်းဘက်က ဆေးတွေ ပြယ်နေပြီ ငါမသိခဲ့ဘူး ငါသိတဲ့အချိန် မင်းငါ့ဆီမှာ မပျော်တော့ဘူး မင်းငါ့အနား မနေချင်တော့ဘူး ငါ့ဘက် ကသာ တစ်ရေးနိုး တစ်စျေးတိုးပြီး ချစ်နေရတာ မင်းအတွက် ငါက နိုးထလေ စျေးကျလေပဲ ငါက မင်းပါတဲ့မျှော်လင့်ချက်နဲ့ အိပ်မက်တွေဆီအသွား မင်းကတားပြီး ရိုက်ချိုးပစ်ရက်တယ် မင်းမပါတဲ့ ဒီခရီးမှာ အဲ့ဒီ အဲ့မျှော်လင့်ချက်ကြီးကို ထိုင်ပြီး ငါတစ်ယောက်တည်း မျှော်ငေးကြည့်နေရတော့မှာလား ငါဆုတောင်းတယ်သိလား မင်းထပ်ချစ်ဖြစ်ခဲ့ရင် မင်းလိုလူမျိုးနဲ့ မင်းမတွေ့ပါစေနဲ့လို့…။ ဆြာချစ် (၂၀၂၁ ဇူလိုင် ၉)
"မင်းလို လူမျိုး မင်းမတွေ့ပါစေနဲ့..."
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မျှော်လင့်ချက်တွေ မရှိရင်
ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့တယ်တဲ့
မင်းငါ့ကို မျှော်လင့်ချက်တွေ ပေးခဲ့တယ်လေ
“ငါမှတစ်ပါး အခြားမရှိစေရ” ဆိုတဲ့ မင်းနှုတ်ဖျားက စကား
ငါ့’ နားမှာပဲ အဆုံးသတ်သွားတယ်လို့ မင်းထင်ခဲ့တာလား
မင်းက နှုတ်ဖျားက လာရုံပါ
ငါကနှလုံးသားမှာ ကမ္ပည်းတောင် ထိုးခဲ့တာ
မင်းနဲ့ ပတ်သက်တဲ့ အိပ်မက်တွေ ငါ့မှာရှိတယ်
ဒါလည်း မင်းသိတယ်
ငါက အစွဲအလမ်း ကြီးလွယ်တယ်
ဒါပေမဲ့ မင်းက ရိုးအီတတ်တယ်
ငါက တို့အနာဂတ်အတွက်
တစ်ဖက်သတ် ဆေးရောင်လှလှခြယ်နေချိန်
မင်းဘက်က ဆေးတွေ ပြယ်နေပြီ
ငါမသိခဲ့ဘူး
ငါသိတဲ့အချိန် မင်းငါ့ဆီမှာ မပျော်တော့ဘူး
မင်းငါ့အနား မနေချင်တော့ဘူး
ငါ့ဘက် ကသာ
တစ်ရေးနိုး တစ်စျေးတိုးပြီး ချစ်နေရတာ
မင်းအတွက် ငါက နိုးထလေ စျေးကျလေပဲ
ငါက
မင်းပါတဲ့မျှော်လင့်ချက်နဲ့ အိပ်မက်တွေဆီအသွား
မင်းကတားပြီး ရိုက်ချိုးပစ်ရက်တယ်
မင်းမပါတဲ့ ဒီခရီးမှာ
အဲ့ဒီ အဲ့မျှော်လင့်ချက်ကြီးကို ထိုင်ပြီး
ငါတစ်ယောက်တည်း မျှော်ငေးကြည့်နေရတော့မှာလား
ငါဆုတောင်းတယ်သိလား
မင်းထပ်ချစ်ဖြစ်ခဲ့ရင်
မင်းလိုလူမျိုးနဲ့ မင်းမတွေ့ပါစေနဲ့လို့…။
ဆြာချစ်
(၂၀၂၁ ဇူလိုင် ၉)
Comments
Post a Comment