Skip to main content

လှတတ်ပါစေ ညီမလေ

 လှတတ်ပါစေ ညီမလေး 

--------------------


ဤ ဆောင်းပါးလေးသည်

အမျိုးသမီးလေးတွေအတွက်


အဓိက ရည်ရွယ်ထားပါ၏

 






မိမိတို့ရဲ့ မိန်းခလေး ဂုဏ်  သိက္ခာ ထိန်းတတ် သိမ်းတတ်စေလိုသော ဆန္ဒဖြင့်


 စာရေးသူရဲ့ မေတ္တာ စေတနာ ကို

သိနားလည်နိုင်ကြပါစေ


မိန်းကလေးဆိုတာ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ် ဝတ်တတ် စားတတ်မှ တန်ဖိုးရှိတယ်ဆိုတာ စိတ်မှာ ခိုင်မာစွာ သိထားပါ


`မိန်းကလေးသတိပိုတယ်မရှိ´တဲ့

ဘာပဲလုပ်လုပ် အိနြေ္ဒ အထိန်းလေးနဲ့ သတိထားရတယ်

ဒါမှ အခြားသူတွေ ထိကပါး ရိကပါး မလုပ်ရဲတာ 


ယဉ်ကျေးသိမ်မွေ့တော့ လူလည်းလေးစားတယ် အထင်လည်းကြီးကြတယ် မိမိဂုဏ်လည်း တတ်တယ်


တော်ယုံ ယောင်္ကျားလေးတွေ မစ မနောက်ရဲဘူး

 အနေအထိုင် အဝတ်စားဆင်ယဉ်မှုကလည်း


ပိရိသေသပ်တော့ ရုပ်ခံပါရမီ အားနည်းတောင်

ကြည့် လို့ အဆင်ပြေလှတယ် 


သွားသင့် မသွားသင့် ပြောသင့် မပြောသင့်

ဝတ်သင့် မဝတ်သင့် အစစအရာရာမှာ ဆင်ခြင်တွေးတောတတ်ပြီး


မိန်းကလေးတို့ ရဲ့အရှက် နဲ့ သိက္ခာကို အမြတ်တနိုးတန်ဖိုးထားတတ်ရမယ် ဒါဆို


ရွှေဖလားကြီး အနားကွပ်စရာ မလိုသလိုပေါ့

ဘယ်လိုပဲကြည့်ကြည့် လှနေတယ် 

တန်ဖိုးတွေ တက်နေတတ်တယ်


မိမိရဲ့ အလှအပ လေးကိုလည်း နှင်းဆီပန်းလေးလို

ဆူးလေးတွေနဲ့ ကာယံထားတတ်ပါစေ


မိန်းကလေးဆိုတာ အိနြေ္ဒလေးနဲ့ မျက်နှာပိုး သက်တတ်ရတယ် မျက်နှာမများရဘူး မျက်စိမကစားရဘူး


ရှေ့အမျှော်အမြင်လေးနဲ့ ချင့်ချိန်နေတတ်ခါမှ `လင်လိုတုန်း နားပဲ့´ မဖြစ်မှာနော်


ကမ်းလင့်လာတဲ့ လက်တွေကို စောင့်မျှော်ရွေးချယ်ရင်း

မိမိကိုယ်ကို လှပအောင် ပြုပြင်ကာ သိက္ခာမျဉ်းဖြောင့်လေးနဲ့ဘောင်ခက်ထားရတာ မျိုး


နှလုံးသားကယိုဖိတ် မိတယ်ထား ရေလာမြောင်းပေးကလည်း အတော်အသင့်ပဲ ကောင်းတယ် မဟုတ်ရင် မိမိ ဘဝကို တစ်စဆီ ချနင်းသွားတတ်တယ် 


နောက်တစ်ခုက လူမှာ အဝတ်ဆိုပေသည့် ဆင်တတ်မှ ယဉ်သတဲ့  တစ်ချို့ မိန်းကလေးတွေများ မပေါ်ယုံတမယ်ပါပဲ 


မဆင်မခြင် နေချင်သလိုနေ ဝတ်ချင်သလိုဝတ်နေရင်

နောက်တစ်ခန်းက စိတ်ဆင်းရဲစရာတွေကိုပဲ ပီပြင်စွာ

သရုပ်ဆောင်သွားရလိမ့်မယ် ညီမလေး 


မြန်မာ မိန်းကလေးဖြစ်ပြီး မြန်မာလိုဝတ်မှ ကျက်သရေပိုရှိတာပါ

အမျိုးဂုဏ်ဆိုတာ ထိန်းရမယ်လေ 


အဆန်းတွေထွန်လွင်းတော့ ရိုးဂုဏ်ပျက်သွားတတ်တယ်

နဂိုရည် နဂိုသွေးလေးနဲ့ ပင်ကို အလှလေးကမှ 

ပိုကြည့်ကောင်းတာပါ ပိုယဉ်တာပါ


အဲ့လိုမှလည်း ယောင်္ကျားလေး အတော်များများက မြတ်နိုးတန်ဖိုးထားတာ အသက်ထက်ဆုံး ပိုချစ်ကြတာပါ


မိန်းကလေးတွေပဲ မိမိဘဝလေးကို လက်တွဲဖေါ် ကောင်လေးနဲ့ သစ္စာကတိခိုင်မြဲတဲ့ စိတ်တူ ကိုယ်တူ


မိသားစုဘဝ လေး

စိတ်ကူးလှလှလေးတွေ ပုံဖေါ်ကြည့်တယ်ဟုတ် 


ဒါဆို  အခုကတည်းက အိနြေ္ဒဆူးလေး ကာထားရမယ် သိက္ခာ ဘောင်လေးကွပ်ထားရမယ် သာယာမှုကို မနှစ်မျို့ရဘူး


 နာမည်ကောင်း ထွက်အောင် ထိန်းသိမ်းထားတတ်ရမယ်


`မိမိတန်ဖိုး မိမိသာလျှင် မြှင့်သည် ချသည်´တဲ့ 


ဒါကြောင့် ` လှတတ်ပါစေ ညီမလေး ´့့့။


Crd

                         ဝေဆောင်းဦး (တောင်သာ)

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...