တချိန်တုန်းကပေါ့...
ကိုယ်စပြီးခေါ်မှ
ပြန်ပြီး စကားပြောလာမယ့်
ဆက်ဆံရေးမျိုးကို
သိပ်ကို တန်ဖိုးထားခဲ့ဖူးတာ
ကိုယ့်ဖက်က တိတ်ဆိတ်လိုက်ရင်
ဖုန်းချသွားမှာစိုးလို့
မရှိရှိတာကို ရှာကြံပြီး
စကားတွေ ပြောခဲ့ဖူးတာကိုပဲ
ပျော်ခဲ့ဖူးတာ
မှတ်မှတ်ရရဆိုလို့
နေ့တိုင်း နေ့တိုင်း
မျက်ရည်တွေ ကျရတာပဲရှိတာပါ
နောက်ဆုံးတော့လဲ
ကိုယ်တစ်ယောက်တည်းက
ကိုယ်တစ်ယောက်တည်းပါပဲ ။
#ကျေးကို

Comments
Post a Comment