Skip to main content

သုဘလုလင်မေးသောမေးခွန်း(၁၄)ခု

 သုဘလုလင်မေးသောမေးခွန်း(၁၄)ခု

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သုဘလုလင်

#အမေး၁။လူချင်းတူပါလျက်အချို့မှာ အသက်တိုပြီး

၂။အချို့မှာအသက်ရှည်ရသနည်း။



#မြတ်ဗုဒ္ဓအဖြေ၁။ အချို့မှာအသက်တိုရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် သတ္တဝါတို့ကိုသနားကြင်နာခြင်းကင်းမဲ့လျက် သူတစ်ပါးအသက်ကိုရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ထိုသူတို့သည်သေသောအခါ ငရဲသို့ကျရောက်ရသည်။ရှေးကုသိုလ်ကံတစ်ခုခု ထောက်မမှုကြောင့်လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မရ၊အသက်တိုလေ့ရှိသည်။


၂။အချို့မှာအသက်ရှည်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်သတ္တဝါတို့ကို သနားကြင်နာခြင်းဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ကြသည်။ ထိုသူတို့သည်သေသောအခါနတ်ပြည်သို့ ရောက်ကြသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသက်ရှည်စွာ နေရသည်။


#သုဘလုလင်အမေး၃။လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး၄။အချို့မှာ အနာရောဂါကင်းရသနည်း။


#မြတ်ဗုဒ္ဓအဖြေ၃။အချို့မှာအနာရောဂါများရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ထူပြောလေ့ရှိသည်။


#၄အချို့မှာ အနာရောဂါကင်းရှင်းရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ကင်းရှင်းကြပေသည်။ 


#သုဘလုလင်အမေး၅။လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး၆။အချို့မှာအဆင်းလှပါသနည်း။


#မြတ်ဗုဒ္ဓအဖြေ၅။အချို့မှာရုပ်ဆိုးရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သောစကားကို ပြောလျှင်လည်းသူတစ်ပါးကိုစော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းမျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။


#၆အချို့မှာ အဆင်းလှရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ဒေါသမထွက်၊သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊စိတ်ထားနူးညံ့သိမ်မွေ့သူများ ဖြစ်သည်။ထိုသူတို့သေသောအခါနတ်ပြည်သို့ ရောက်ရသည်။လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသောရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ 


#သုဘလုလင်အမေး၇


၇။လူချင်းတူပါလျက်အချို့မှာအခြွေအရံတန်ခိုး အာဏာနည်းပါးပြီး၈။အချို့မှာ အခြွေအရံတန်ခိုးအာဏာကြီးမားရသနည်း။


#မြတ်ဗုဒ္ဓအဖြေ၇

အချို့မှာ အခြွေအရံတန်ခိုးအာဏာနည်းပါးရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားအားကြီးကြသည်။ ထိုသူတို့သေသာအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်းအခြွေအရံ တန်ခိုးအာဏာနည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ်-သူတစ်ပါးတို့သည်ကံ,ဉာဏ်, ဝိရိယအားလျော်စွာစည်းစိမ်၊ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ်ကြီးမားခြင်း၊ထင်ရှားကျော်စောခြင်း၊ တတ်သိလိမ္မာခြင်းတို့ကိုမနာလိုမှု၊မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ငြူစူမှုစသည်တို့ကိုနှုတ်ခမ်းစူ၍ ပြောဆိုမှုများသညအတွင်းကဣသာတရား၏ အစွမ်းပင်ဖြစ်သည်။


#၈အချို့မှာ အခြွေအရံတန်ခိုးအာဏာကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားမရှိ၏ကြပေ။ ထိုသူတို့သေသာအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။ .................................................. 

#သုဘလုလင်အမေး၉။လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲဆင်းရဲရပြီး၁၀။အချို့မှာဥစ္စပစ္စည်းကုံလုံ ကြွယ်၀ရသနည်း။


#မြတ်ဗုဒ္ဓအဖြေ၉


#၉အချို့မှာ ဥစ္စာမဲ့မွဲဆင်းရဲရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊မစ္ဆေရ(၀န်တိုခြင်း)တရား အလွန်အားကြီးကြကုန်၏။ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏။မစ္ဆေရ၏အဓိပ္ပါယ်-မိမိ၌ရှိသောပစ္စည်း၊မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှငမပတ်သက်မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊မိမိ၏စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာစိုးရိမ်ခြင်းတိုိ့ကိုမစ္ဆေရ ဟုခေါ်သည်။


#၁၀အချို့မှာ ဥစ္စာပြည့်စုံကုံလုံကြွယ်ဝြခင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိခြင်း၊မစ္ဆေရ (၀န်တိုခြင်း)တရားမရှိကြကုန်။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝြခင်းနှင့်ပြည့်စုံကြကုန်၏။ 


#သုဘလုလင်အမေး၁၁။လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး၁၂။အချို့မှာအမျိုးမြတ်ရသနည်း။


#မြတ်ဗုဒ္ဓအဖြေ၁၁။အချို့မှာအမျိုးယုတ်ရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ရိုသေလေးစားထိုက်သော သူတို့ကိုရိုသေလေးစားရမှန်းမသိပေ။ထိုသူတို့ သေသာအခါငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအောက်ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင်ဖြစ်ရလေသည်။


#၁၂အချို့မှာ အမျိုးမြတ်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။သူတစ်ပါးကို အထင်အမြင်သေးခြင်းမရှိကြကုန်။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားကြကုန်၏။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းမြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ 


 #သုဘလုလင်အမေး၁၃။လူချင်းတူပါလျက်အချို့မှာ အသိဥာဏ်ပညာနည်းပါးပြီး၁၄။အချို့မှာ အသိဥာဏ်ပညာကြီးမားရသနည်း။


#မြတ်ဗုဒ္ဓအဖြေ၁၃။အချို့မှာအသိပညာဉာဏ် နည်းပါးရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာ၀ယ်အကျိုးပေးမပေးကိုလည်းကောင်း မေးမြန်းလေ့မရှိ။မိမိထင်ရာမြင်ရာပြုလုပ်ပြီး ဒုစရိုက်များဖြငသေလွန်သည့်အခါငရဲ၌ ဖြစ်ရလေသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသိပညာကင်းမဲ့သော လူဖျင်း၊လူညံ့၊လူအ၊လူမိုက်ဖြစ်ရလေသည်။


#၁၄အချို့မှာ အသိပညာဉာဏ်ကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာ၀ယ်အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲသုစရိုက်များဖြင့်သေလွန်သည့်အခါ နတ်ပြည်၌ဖြစ်ရလေသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းအသိပညာဉာဏ်ကြိးမ ားရလေသည်။



Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...