အမေ့အိမ် (သို့) ချစ်သောအမေ
ဒုက္ခရောက်မှ ကျွန်တော်သတိရတာအမေ့အိမ်ပါ။
ခဏခဏ အမေ့အိမ်က ထွက်ပြေးခဲ့တဲ့ကောင်လေး
စားဖို့ထက် ဖတ်ဖို့ကိုအားသန်ကာ ထမင်းအငတ်ခံပြီးစာအုပ်တွေဝယ်ခဲ့တယ်။ နောက်...အမေ့စကားတွေကိုပယ်တယ်။ လူတတ်ကြီးလုပ်ပြီး ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။
ပြိုလဲ လွင့်စဥ်သွားတဲ့အခါ အမေ့ကိုပြေးဖက်တယ်။
ပြီးတော့ ဝအောင်ငိုတယ်။ ငိုလို့ဝတော့ ထွက်ပြေးဖို့ ပြန်ပြင်တယ်။ အဝတ်အစားအချို့နဲ့ စာအုပ်တွေပြန်ထည့်တယ်။
ဆက်လေလွင့်တယ်။
အမေ့ကိုတရားတွေဟောပြီး ခပ်ပြုံးပြုံးပြန်ထွက်လာတယ်။
အမေ့ရင်ထဲကသောကတွေ ကျွန်တော်တကယ်မမြင်ဘူးလေ။
ဘယ်နှကြိမ်မှန်းမသိတော့တဲ့ အသွားအပြန်ခရီးတွေ။
မငြူစူခဲ့ဘူး။ ကျနော်ပြန်ရောက်လာတိုင်း သူပျော်နေတာပဲ
တွေ့ခဲ့ဖူးတယ်။
#မြရဲလွင်(ဝေးလွင့်ငှက်)
#FOC

Comments
Post a Comment