Skip to main content

အသက်၉၀ထိ အရက်သောက်နိုင်ပါစေ"

 "အသက်၉၀ထိ အရက်သောက်နိုင်ပါစေ"



ဒီစကားသံကို ကျယ်ကျယ်လောင်လောင် ကြားရမည့်နေရာက ကလောမြို့ရှိ Hi Bar ဆိုင်နေရာလေး ဖြစ်သည်။


မြန်မာနိုင်ငံသို့ ခရီးသွားများ ပိုမိုဝင်ရောက်စေရန် ရည်ရွယ်ပြုလုပ်ခဲ့သော ၁၉၉၆ခုနှစ်၏ မတိလ ၂၄ရက်နေ့တွင် ဒီနေရာလေး စတင်ခဲ့သည်ဟု ပါဝါများသော မျက်မှန်ခပ်ထူထူကို တပ်ထားသည့် ကိုမျိူးအောင်က ပြောပြနေသည်။ ညနေ ၆နာရီခွဲကျော်တာနဲ့ ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာတတ်သော ကိုမျိုးအောင်က ဝန်ထမ်းနည်းနည်း ကျဲကျဲဖြင့် ဒီဆိုင်လေးကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။


"ကျနော်က အရက်ကို ကြိုက်လို့သောက်တာဗျ။ ဒါပေမယ့် တစ်နေ့ကို ၅ပက်ထပ် မပိုဘူး။ ဒီလိုလေးထည့် ဆော်ဒါကို ခွက်အပြည့်ထည့် အဲ့တာမျိုး ၁၅ခွက်မှ Rum ၅ပက်ပဲ ဝင်တာ။ ပြီးတော့ တစ်နေ့ကို တစ်နာရီ ပုံမှန်လမ်းလျှောက်တယ်" လို့ ပြောပြနေရင်း ဝန်ထမ်းများ နားသည့်အတွက် ဧည့်သည်တွေကို ကိုယ်တိုင် Rum Sour စပ်နေရင်း ပြောပြနေသည်။


Rum Sour, Jim Sour , Whiskey Sour ၃မျိုးသာရွေးချယ်နိုင်မည့်အပြင် သူကိုယ်တိုင် ကြော်သော အမဲကြော်ကိုသာ အမြည်းအဖြစ်ရရှိနိုင်သော ဤဆိုင်လေးမှာ လူနည်းမည်ဟု‌တော့ မထင်စေလို။ သူ့ဆိုင်တွင် ချိတ်ဆွဲထားသော အထိမ်းအမှတ်ပစ္စည်းများက ဆိုင်သို့လာရောက်အားပေးသွားသော ပြည်တွင်းပြည်ပ ဧည့်သည်များ၏ အမှတ်တရများ ဖြစ်သည်။


အမြည်းအတွက် စိတ်မပူပါနဲ့။ သူ့အိမ်ကိုယ့်အိမ်က ဆွဲလာကြသူတွေ အမြည်းဖလှယ်ကြသလို လက်ဖက်သုပ်လေးကလည်း အလကား ကျွေးပါသေးသည်။


ဆိုင်လေးချဲ့ပါလား လူများရင် အဆင်ပြေတာပေါ့ လို့ ကျနော်ပြောတော့ ကိုမျိူးအောင်က ကျနော့်ကို ပြုံးပြီး ပြန်ကြည့်သည်။ "ကျနော့်ကို ဒီဆိုင်လေး လုံးဝမပြင်ဖို့ ကတိတောင်းထားတဲ့သူရှိတယ်။ နောက်ဆယ်နှစ်ကြရင် မြန်မာပြည်ပြန်လာမယ် ဒီဆိုင်လေးကို ဒီလိုမိသားစု ဆိုင်လေးအနေနဲ့ပဲ မြင်ချင်တာဆိုပြီး ပြောထားတာ " လို့ သူက အေးအေးဆေးဆေး ပြောပြသည်။


ဆိုင်၏ ဘားကောင်တာထောင့်မှာတော့ Chivas 18years စက္ကူဗူးတစ်ခုက ရှိနေသည်။ ဒီစက္ကူဗူးအကြောင်းကို ဆိုင်ကိုလာသောက်သူတိုင်း သိသည်။ မသိရင်လည်း ဦးမျိူးအောင်က ပြောပြမည်ဖြစ်သည်။


'လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ် ခရစ်စမတ်အကြိုနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့မှာ Irishလူမျိုး တစ်ယောက်က ဆိုင်မှာ ဂစ်တာတီးနေတဲ့အဖွဲ့ကို သီချင်းတောင်းရင်း ပိုက်ဆံပေးချင်လို့ဆိုပြီး ပြောလာတယ်။ ကျနော်က အဲ့လို မရှိပါဘူး ။ ဒီတိုင်းတောင်းလို့ရပါတယ်ဆိုပြီးပြောတော့ သူက ဒါဖြင့် ကျနော့်ကို ဗူးတစ်ခုပေးဗျာဆိုပြီး ပြောပါလေရော။ ကျနော့်မှာကလည်း အရက်ဗူးပဲရှိတော့ သူက အဲ့တာလေးကို Charity Box ဆိုပြီး အကြွေ လက်တစ်ဆုပ်ထည့်ရင်း မတည်သွားတာ။ " လို့ ပြောနေသည့် ဦးမျိုးအောင်၏ စကားများက သူ့ပီတိကိုပါ ဖော်ပြနေသည်။


"အရက်ဆိုင်က လုပ်တဲ့အလှူပေါ့ဗျာ" လို့ ရယ်ပြီးပေုာနေပေမယ့် ဒီ Charity Boxလေးကနေ ဆေးရုံရှိ လူနာများကို လက်ထိလက်ရောက် လှူဒါန်းနိုင်ခဲ့သည်မှာ ၁၇နှစ်သက်တမ်း ရှိလာပြီဖြစ်ကာ စံချိန်တင်အဖြစ်လှူဒါန်းနိုင်ခြဲသည်ကတော့ ၁၅နှစ်ပြည့် အမှတ်တရဖြစ်သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့တွင် ၁၀၂၆၀၀၀ လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆေးရုံရှိ လူနာတိုင်းကို လက်ထိလက်ရောက် လှူပြီး ဆင်းရဲနွမ်းပါးသူများအတွက် ပို၍ လှူဒါန်းသည်ဟု သူက ပြောပါသည်။ ဒီအလှူငွေအတွက် လစဉ်မတည်ပေးကြသည့် မိတ်ဆွေများလည်း ရှိသည်ဟုဆိုသည်။


ပင်လယ်ပြင်မျက်နှာရေအထက် အတော်မြင့်မြင့်က ဒီတောင်တန်းမြို့လေး‌တွင် Hi Bar ရှိနေပါသည်။ မိတ်ဆွေတို့ ကလောကို ရောက်လို့ ဝင်ပြီး 

ရောက်တုန်းရောက်ခိုက်တော့ နာမည်ကျော် Rum Sour တစ်ခွက်သောက်ကြည့်ပါ။ ပြီးတော့ ဆိုင်မှာ ရှိနေသူတွေနဲ့ ခွက်ချင်းတိုက်ပြီး တစ်ခွန်းတည်း ပြောလိုက်ပါ။

"အသက် ၉၀ထိ အရက်သောက်နိုင်ပါစေ"




#HiBar 

#Panthika

#သွားမယ်တည်းမယ် 

#kalaw

မှတ်ချက် Hi Bar တွင် Facebookစာမျက်နှာ မရှိပါ။

Crd: Panthika

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...