Skip to main content

အမေးအဖြေများ

 🙏➖မေးခွန်း(၈)➖🙏

    🙏"ကသပဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးသည် အနှစ် နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့သော်လည်း သေခါနီး၌ မြတ်ပင်ကို မတော်တဆနှုတ်မိသော ဝိနည်းဖြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူအကြား ကာလပတ်လုံး နဂါးဖြစ်ရခြင်း၊ မလ္လိကာ မိဘုရားသေခါနီး၌ ကောသလမင်းကြီးအား မုသားပြောခဲ့မိသည်ကို အမှတ်ရ၍ ခုနှစ်ရက် ငရဲကျ ခဲ့ရခြင်း၊တိဿ ရဟန်းသေခါနီး၌ မိမိ သင်္ကန်းကိုစွဲ၍ ခုနှစ်ရက်သန်းဖြစ်ရခြင်းတို့တွင် သေးငယ်သော အပြစ်ခြင်းတူပါလျ က် အဘယ်ကြောင့် မြတ်ပင်နုတ်မိသောရဟန်းက အချိ န်ကြာမြင့်စွာတိရစ္ဆာန်ဖြစ်ရပါသနည်း။"

          ✴️ဖြေဆိုခြင်း

      ဒါက ဘဝကိုဖြစ်စေတဲ့ အကြောင်းလေးတစ်ခုသာရည်ညွန်းပြောတာ ဒီပုဂ္ဂို လ်တွေရဲ့ အရည်အချ င်းတွေက မတူဘူး။ ပတ်ဝန်ကျ င် အခြေအနေတွေချ င်းကမတူကြဘူး။ပုဂ္ဂို လ်တစ်ယောက်နဲ့တစ်ယောက်ဟာ တူတယ်လို့ပြောလို့မရဘူးလေ။ အခု ဒီသင်တန်းတက်နေကြတဲ့ ပုဂ္ဂို လ်တွေတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးချင်း၊သဘောချ င်း ကတူလို့မရဘူး။ကွဲပြားခြားနားမှုတွေ အမြဲတမ်းရှိနေတယ်။အဲဒီ မတူတဲ့သဘောတွေကို တူတယ်လို့သွားပြီးယူဆလို့ရှိရင် မှားသွားမယ်။ မတူတဲ့ အခြားအခြေအနေတွေကို ထည့်သွင်းပြီးတော့စဉ်းစားရမယ်။

      ခုနတုန်းက အနှစ် နှစ်သောင်း ရဟန်းတရားအားထုတ်ပြီးတဲ့အခါမှာ နဂါးဘုံ ရောက်သွားတယ် ဆိုတာက နဂါးဘဝက အသက်ရှည်တဲ့ဘဝမျိုး ကိုရောက်သွားသည့်အတွက်ကြောင့်ပဲ။ ပြီးတော့ နဂါး ဘဝကလည်းတစ်ပိုင်းက နတ် နဂါးဘဝကလည်းနတ်နဂါးဆိုတော့စည်းစိမ်ချ မ်းသာကတစ်ဖက်ကရှိနေတဲ့ အနေအထားတစ်ခုပေါ့။ အဲဒီလိုအနေအထားရှိတဲ့ ဘုံဘဝရောက်သွားတော့သူ့သက်တမ်း (Life span)အတိုင်းသွားတော့တာ။သူကကံတင်မကဘူး။ စိတ် ဥတု အဟာရ တွေရော ဖန်တီးလာတာ။

   သန်းဖြစ်တဲ့ကိုယ်တော်ကျ တော့သူ့အခြေအနေက သက်တမ်းရှည်တဲ့ဘဝ မဟုတ်ဘူး။ တိုတဲ့ ဘဝ။ သူ့ရဲ့ဗီဇ ၊ရောက်လာတဲ့အခြေအနေတွေကိုလည်း ထည့်ပြီးစဉ်းစားရမယ်။

    ပြီတော့ မလ္လိကာမိဘုရားကြီ ငရဲကျ တယ်။ ငရဲမှာသက်တမ်းမရှိဘူး။ ကံ သည် သူတို့ရဲ့ သက်တမ်းပဲ။သူ့ကံ ရဲ့အရှိန်ကုန်တာနဲ့ချက်ချ င်းလွတ်တယ်။ကံအရှိန်မကုန်သေးဘူးဆိုလျှ င် ဆက်သွားနေမှာပဲ။ဘယ်တော့မှ မသေဘူးတဲ့။ 'န စ တာဝ ကာလံ ကရောတိ၊ယာဝ န တံ ပါပကမ္မံ ဗျ န္တီဟောတိ'။ကံမကုန် သေးသမျှ ငရဲဘုံက ဘယ်တော့မှမလွတ်ဘူး။ဘယ်လောက်ညှင်းဆဲ ညှင်းဆဲ ဘယ်လောက်ဒုက္ခတွေရောက်ရောက် ကံမကုန်သေးရင်မသေဘူးလို့ဆိုလိုတယ်။ အဲဒီတော့ ကံသည်ငရဲရဲ့သက်တမ်းပဲ။

   အဲဒီတော့အကြောင်းတစ်ခုတည်ကို မကြည့်ပဲနဲ့ အခြားအခြေအနေကောင်းတွေ၊အခြေအနေမကောင်းတာတွေ အများကြီးရှိတယ်ဆိုတာကိုထည့်သွင်းပြီးစဉ်းစားရမယ်။ သူလည်း ကောင်တာလုပ်တာပဲ။ငါလည်းကောင်းတာလုပ်တာပဲ။သူလည်းမကောင်းတာလုပ်တာပဲ ငါးလည်းမကောင်းတာလုပ်တာပဲ အကျိုးပေးခြင်းကျတော့တူတယ်၊မတူဘူး လို့သွားပြောလို့ မရဘူး။ ရာဇဝတ်မှုတစ်ခု ကျူးလွန်တာတောင် မှ လွတ်တဲ့ သူက လွတ် သွားတာပဲ၊ခံရတဲ့သူက ခံရတယ်လေ။ ဘာဖြစ်လို့တုန်းဆိုတော့ အခြေအနေချင်းမတူလို့။ဒါ အခြေအနေ ခေါ်တယ်။

     လောဏကပလ္လသုတ်မှာ ဘာဟောထားသလဲဆိုတော့ မြတ်စွာဘုရားက ဆားခဲလေးတစ်ခုကို ဖန်ခွက်တစ်ခုထဲမှာရှိတဲ့ ရေထဲကိုထည့်လိုက်လို့ရှိရင် အဲဒီရေသည် သောက်မရအောင်ငန်သွားနိုင်တယ်။ သို့သော် အဲဒီ ဆား ကိုပဲ ရေကန်ကြီးထဲ၊မြစ်ထဲမှာထည့်လိုက်မယ်ဆိုရင် ဘာအရသာမှ မပေါ်ဘူး၊ဘာမှ မဖြစ်ဘူး။ အဲဒီလိုပဲ လူမှာ တချို့ပုဂ္ဂိုလ်တွေမှာကောင်းတာတွေလုပ်ထားတာက အများကြီး၊မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိဦး။သူ့ကျ တော့ပျောက်သွားတယ်။ မဝင်လာတော့ဘူး။တချို့ ကျတော့ကောင်းတာကမရှိဘူး မကောင်းတာတွေက များနေတယ်ဆိုလျှင် ခုနက ဆားခဲကိုဖန်ခွက်ထဲကရေထဲ ထည့်လိုက်သလိုပဲ သူကျ တော့ပိုခံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ အခြေအနေကောင်းတွေမရှိဘူး။ အဲဒီသဘောတွေကိုထည့်စဉ်းစားဆိုလျှ င် ကံကအကျိုးပေးတယ်ဆိုတဲ့နေရာမှာလည်းအခြေအနေတွေပေါ်မှာ မူတည်တယ်။တစ်ဦးနဲ့တစ်ဦးဟာ အခြေအနေခြင်းမတူဘူး။ မတူလျှင်အကျိုးပေးတာခြင်းလည်း မတူနိုင်ဘူး။

   🙏အရှင်နန္ဒမာလာဘိဝံသ

 {၂၂.၂.၂ဝ၁၉ ဒုတိယနေ့* အဘိဓမ္မာဆိုင်ရာ ဗဟုသုတ နှင့်အမေးအဖြေများ...}မှ

   🙏မြတ်ဗုဒ္ဓ၏ တရာတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချ င်သော ဆရာတော်၏ဆန္ဒ မွန်ကို ပါရမီဖြည့်ဆီးခြင်း၊ တရားအသိဥာဏ်ကိုအလှူ ပေးခြင်းသက်သက် ဖြစ်ပါ၍ တရားဓမ္မကိုလိုလားသော ,တ ရားဓမ္မကိုဖြန့်ဝေလိုသော မည်သူမဆို လွတ်လပ်စွာဓမ္မဒါနပြု နိုင်ပါသည်။


✍️✍️✍️



Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...