Skip to main content

ဝိပဿနာ အလွဲများ

မိစ္ဆာဒိဋ္ဌိကို သောတာပတ္တိမဂ်ဖြင့် ပယ်ခြင်းကိစ္စအပေါ် သုံးသပ်ချက် (၃)
(ငါ သူတစ်ပါး ယောကျား မိန်းမ ရှိ-နှင့် ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိ)
===== ===== ===== =====
အောင်မြိုင်(မစိုးရိမ်စာသင်သား) ရေးသားတင်ပြသည်
===== ===== ===== =====

သော ဘဂဝါ၊ အကျွန်ုပ်တို့ဆရာ ထိုမြတ်စွဘုရားသည်။ ဣတိပိ၊ သတ္တောကာသ သင်္ခါရဟု လောကသုံးခွင် ဘုံအပြင် ကို အကုန်အစင် သိမြင်တော်မူတတ်သော ဤအကြောင်း ကြောင့်လည်း။ လောကဝိဒူ၊ ဘောကဝိဒူဟူသော ဂုဏ်တော် ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော် ကြား ထင်ရှားတော်မူပါပေ၏။ 

သတ္တလောကဆိုသည်မှာ ၃၁ ဘုံ၌ ဖြစ်ရှိသောသတ္တဝါများကို ဆို၏။ သြကာသလောကဆိုသည်မှာ သတ္တဝါတို့၏ ဖြစ်ရာ ရှိရာ ၃၁ ဘုံကို ဆို၏။ သင်္ခါရလောကဆိုသည်မှာ သတ္တဝါ တို့၏ သန္တာန်၌ ဖြစ်ရှိသော စိတ်စေတသိက်ရုပ်တရားစုများ ကိုလည်းကောင်း၊ သတ္တဝါတို့၏ သန္တာန်ပြင်ပ၌ ဖြစ်သော တရားများ၊ ရှိသောတရားစုများကိုလည်းကောင်း၊ ၃၁ ဘုံ၌ ဖြစ်သောတရားစုများ၊ ရှိသောတရားစုများကိုလည်းကောင်း ဆို၏။ 

ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တလောကကို အကုန်အစင် သိမြင်တော်မူပါ၏။ သြကာသလောကကို အကုန်အစင် သိမြင်တော်မူပါ၏။ သင်္ခါရလောကကို အကုန်အစင် သိမြင် တော်မူပါ၏။
===== ===== ===== =====

မိမိ ရေးသားတင်ပြခဲ့သော မိစ္ဆာဒိဋ္ဌိကို သောတာပတ္တိမဂ်ဖြင့် ပယ်ခြင်းကိစ္စအပေါ် သုံးသပ်ချက်-ဆောင်းပါးထဲက အချို့ကို ဆရာလေးမသုတဝတီက အောက်ပါအတိုင်း သုံးသပ်ပြခဲ့ပါ သည်။ ဆရာလေးတစ်ပါး၏ ပရိယတ္တိပညာဖြင့် ရေးသားတင် ပြမှုများကို အလေးအမြတ် တန်ဖိုးထားပါသဖြင့် ရှဲ လုပ်၍ ပြန်လည်မျှဝေတင်ပြပေးခဲ့ပါသည်။ အမှန်တကယ် တန်ဖိုး ထားခြင်းဖြစ်ပါသည်။ ဆက်လက်၍ များများ ရေးသားတင်ပြ မျှဝေနိုင်ပါစေဟု အလေးအနက် ဆန္ဒပြုပါသည်။ 

သုံးသပ်ပြခဲ့ပုံမှာ -
"ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိဟု သတ်မှတ်ချက်"
"ငါ သူ တစ်ပါး ယောက်ျား မိန်းမ မရှိ"ဟု ယူသောသူသည် ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိရှိသူသာ ဖြစ်သည်"ဟူသော သတ်မှတ် ချက်သည် မှန်သော်လည်း မမှန်သော သတ်မှတ်ချက်သာ ဖြစ်သည်။ 
စာပေအရ မှန်၏။ တရားအားထုတ်သူများလောကအတွက် ကား မမှန်ပေ။ အဘယ်ကြောင့်ဆိုသော် ငါ သူတစ်ပါး ယောက်ျား မိန်းမမရှိဟု နားကြားမှတ်သားဘူးသောသူများ အားလုံးသည် ဒသဝတ္ထုကသမ္မာဒိဋ္ဌိရှိသူများသာ ဖြစ်သော ကြောင့် ဖြစ်ပါသည်။
၁။ အရှက်အကြောက် ကံအကျိုးကို ပြခြင်း စသည် အကြောင်း ၈ မျိုးတို့အလို့ငှာ ငါ သူ တစ်ပါး ယောက်ျား မိန်းမ စသည်ကို မပယ်ရကြောင်း တရားသမားတိုင်း သိရှိ နားလည်ထားခြင်း။ 
၂။ ငါ သူ တစ်ပါး ယောက်ျား မိန်းမ မရှိဟု ဟောသော တရားစခန်းမှာပင် ဒါန သီလ ကုသိုလ်များ ပြုနေကြခြင်း ကြောင့် ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိရှိသူများဟု မဆိုနိုင်ပါပေ။
ဤအချက်ကို ကြညြ့်ခင်းဖြင့် ကမ္မဋ္ဌာန်းလောက ငါ သူတစ်ပါး ယောကျား မိန်းမ မရှိဟူသော ဟောပြောချက်သည် သမ္မုတိ သစ္စာကို ပယ်သော ဟောပြောချက် မဟုတ်ဘဲ သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဇီဝအတ္တကောင်ကိုသာ ပယ်ရန် ရည်ညွှန်းသော ဟောပြောမှု ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပေသည်။ ဟောပြော သူများဘက်ကရော သုံးသတ်သူများဘက်ကပါ ညှိနှိုင်းသုံး သပ် နားလည်ကြခြင်းသည်သာ မှန်ကန်မည်ဟု ထင်မိပါ သည်။ (သုတဝတီ)ဟူ၍ ဖြစ်ပါသည်။ 

အထက်ပါသုံးသပ်ချက်နှင့် ပတ်သက်၍ အောက်ပါမှတ်ချက် ကလေး ရေးပြီး မက်ဆင်ဂျာကနေ ပို့ပေးခဲ့ပါသည်။ ဆရာ လေးမသုတဝတီက မက်ဆင်ဂျာ မသုံးသဖြင့် တွေ့မြင်ခြင်း မရှိသေးဟု ထင်ပါသည်။ မှတ်ချက်မှာ -
မှတ်ချက်။ သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဇီဝအတ္တကောင်ရှိကြောင်း ယူသောအယူမှားကိုသာ ပယ်ရန် ရည်ညွှန်းသော ဟောပြော မှု ဖြစ်လျှင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဇီဝအတ္တကောင် မရှိ ကြောင်း သိအောင် ဟောရန် ဖြစ်ပါသည်။ ငါ သူတစ်ပါး ယောကျာ်း မိန်းမ စသည်များမှာ ရှိနေကြသည် ဖြစ်သော ကြောင့် ငါ သူတစ်ပါး ယောကျာ်း မိန်းမ မရှိဟု ဟောလျှင် ငါ သူတစ်ပါး ယောကျာ်း မိန်းမ စသည်များကို ပယ်ရာရောက် သည်သာ ဖြစ်ပါသည်ဘုရား။
===== ===== ===== =====

ငါ သူတစ်ပါး ယောက်ျား မိန်းမ ရှိ-နှင့် 
ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိ ရှင်းတမ်း

ဆရာလေးမသုတဝတီက "ကမ္မဋ္ဌာန်းလောက ငါ သူတစ်ပါး ယောကျား မိန်းမ မရှိ ဟူသော ဟောပြောချက်သည် သမ္မုတိ သစ္စာကို ပယ်သော ဟောပြောချက် မဟုတ်ဘဲ သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဇီဝအတ္တကောင်ကိုသာ ပယ်ရန် ရည်ညွှန်းသော ဟောပြောမှု ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပေသည်။(သုတဝတီ) ဟူ၍ သုံးသပ်ပြခဲ့ပါသည်။

ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ၌ ၂ မျိုး ရှိသည် ဟု ဆိုလိုပါသည်။ ဆရာလေးမသုတဝတီ၏ သုံးသပ်ချက်အရ ဆိုလျှင် -
၁။ သမ္မုတိသစ္စာကို ဖြစ်သော ဟောပြောမှုအရ ပါရှိသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များက တစ်မျိုး ဖြစ်သည်။ 
၂။ သမ္မုတိသစ္စာကို ပယ်သော ဟောပြောမှု၌ ပါရှိသော (သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဇီဝအတ္တကောင်ကိုသာ ပယ်ရန် ရည်ညွှန်းသော ဟောပြောမှုအရ ပါရှိသော) ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များက တစ်မျိုး ဖြစ်သည်ဟု ယူဆ ရမည် ဖြစ်ပါသည်။ 

မိမိသဘောအရဆိုလျှင်ကား 
၁။ အညတိတ္ထိယတို့ ကြံဆစွဲယူအပ်သော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ သို့မဟုတ် ဖန်ဆင်းရှင်တစ်ဦး တစ်ယောက်က ဖန်ဆင်းအပ်သော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များက တစ်မျိုး ဖြစ်သည်။ 
၂။ မူလဇနကကံတရားကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ သို့မဟုတ် ကမ္မဇရုပ် ကလာပ်များနှင့်တကွသော ရုပ်နာမ်အစုအဝေးခန္ဓာများကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည် များက တစ်မျိုး ဖြစ်သည်။ 

အထက်ပါ ၂ မျိုးတွင် နံပါတ် ၁ အရ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များကို အတ္တကောင်အဖြစ် သို့မဟုတ် ပရမအတ္တကောင်အဖြစ် သို့မဟုတ် ဇီဝအတ္တကောင်အဖြစ် ယူခြင်းသည်သာလျှင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယအတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်။ 

ထိုအနက်အဓိပ္ပါယ်ကို အမှန်အတိုင်း သိစေရန် ဟောပြော ပါက "အညတိတ္ထိယတို့ ကြံဆစွဲယူအပ်သော"ဆိုသည့် အထူးပြုချက်စကားလုံး (ဝိသေသန) ပါရှိဖို့ မဖြစ်မနေ လိုအပ်ပါသည်။ သို့မဟုတ် "ဖန်ဆင်းရှင်တစ်ဦးတစ်ယောက် က ဖန်ဆင်းအပ်သော"ဆိုသည့် အထူးပြုချက်စကားလုံး (ဝိသေသန) ပါရှိဖို့ မဖြစ်မနေ လိုအပ်ပါသည်။ 
ဝိသေသနစကားလုံး ၂ လုံးထဲက ၁ လုံးလုံး ပါရှိလျှင် ဆရာလေးမသုတဝတီ သုံးသပ်သည့်အတိုင်း "သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဇီဝအတ္တကောင်ကိုသာ ပယ်ရန် ရည်ညွှန်းသော ဟောပြောမှု" ဖြစ်ပါသည်။ 
"မူလဇနကကံတရားကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ သို့မဟုတ် ကမ္မဇရုပ်ကလာပ် များနှင့်တကွသော ရုပ်နာမ်အစုအဝေးခန္ဓာများကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည် များနှင့် ရောထွေးစရာမရှိတော့ပါ။ 
===== ===== ===== =====

ကမ္မဋ္ဌာနာစရိယဆရာတော်အများစု ဟောပြောကြသည်မှာ ဝိသေသနစကားလုံး တစ်လုံးမျှ မပါဘဲ ဟောပြောကြခြင်း ကြောင့် "မူလဇနကကံတရားကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များနှင့် ရောထွေးကြပါ သည်။ ကမ္မဇရုပ်ကလာပ်များနှင့်တကွသော ရုပ်နာမ်အစု အဝေးခန္ဓာများကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များနှင့် ရောထွေးကြပါသည်။ (နာယူသူများက မိမိတို့မိဘနှစ်ပါးက မွေးပေးထားသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ မရှိဟု ယူစွဲမိတတ် ကြပါသည်။ "ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ ရှိသည်ဟု ယူမိလျှင် မိစ္ဆာဒိဋ္ဌိဖြစ်သည်၊ သက္ကာယ ဒိဋ္ဌိဖြစ် သည်"ဟုပင် နားလည်သွားတတ်ကြပါသည်။)

ကမ္မဋ္ဌာနာစရိယဆရာတော်များ၏ ဟောပြောချက်များ၌ ဝိသေ သနစကားလုံး မပါသဖြင့် အမှန်တကယ်ရှိသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များ မရှိဟု ပယ်မြစ် နေကြသည်ကို ရည်ရွယ်၍ မိမိက "ငါ သူ တစ်ပါး ယောက်ျား မိန်းမ မရှိ"ဟု ယူသောသူသည် ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိရှိသူ သာ ဖြစ်သည်"ဟု ရေးသားခဲ့ခြင်းဖြစ်ပါသည်။ 
မိစ္ဆာဒိဋ္ဌိကို ပယ်သူမဟုတ်။ သက္ကာယဒိဋ္ဌိကို ပယ်သူမဟုတ်။ အတ္တဒိဋ္ဌိကို ပယ်သူမဟုတ်။ ကမ္မဿကတသမ္မာဒိဋ္ဌိကို ပယ် သူသာ ဖြစ်သည်။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိကို ပယ်သူသာ ဖြစ်သည်ဟု ဆိုလိုပါသည်။ 
===== ===== ===== =====

၁။ မူလဇနကကံတရားကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည် ရှိသည်သာ တည်း။ 
၁။ ကမ္မဇရုပ်ကလာပ်များနှင့်တကွသော ရုပ်နာမ်အစုအဝေး ခန္ဓာများကြောင့် ဖြစ်ပေါ်လာသော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည် ရှိသည်သာတည်း။ 
(၁။ မိမိတို့မိဘနှစ်ပါးက မွေးပေးထားသော ငါ သူတစ်ပါး ယောကျား မိန်းမ စသည်များသည် ရှိသည်သာတည်း။)

၂။ အညတိတ္ထိယတို့ ကြံဆစွဲယူအပ်သော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည်ကား မရှိသည်သာတည်း။
၂။ ဖန်ဆင်းရှင်တစ်ဦးတစ်ယောက်က ဖန်ဆင်းအပ်သော ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည်ကား မရှိသည် သာတည်း။ 

ဖော်ပြပါ နံပါတ် ၂ အရ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များကို ရှိသည်ဟု ယူလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်။ သက္ကာယဒိဋ္ဌိ ဖြစ်ပါသည်။ အတ္တဒိဋ္ဌိ ဖြစ်ပါသည်။ ကမ္မဿ ကတသမ္မာဒိဋ္ဌိ မရှိပါ။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ မရှိပါ။ 
ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည် တန်ခိုးရှင် တစ်ဦးတစ်ယောက်က ဖန်ဆင်ခြင်းကြောင့် ဖြစ်လာကြရ သည် မဟုတ်ပါ။ 

ဖော်ပြပါ နံပါတ် ၁ အရ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များကို ရှိသည်ဟု ယူလျှင် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်ပါသည်။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ ဖြစ်ပါသည်။ မိစ္ဆာဒိဋ္ဌိ မဖြစ်ပါ။ သက္ကာယဒိဋ္ဌိ မဖြစ်ပါ။ အတ္တဒိဋ္ဌိ မဖြစ်ပါ။ 
ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည် မူလဇနက ကံတရားကြောင့် ဖြစ်ပေါ်လာကြရပါသည်။ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည် ကမ္မဇရုပ်ကလာပ်များနှင့် တကွသော ရုပ်နာမ်အစုအဝေး ခန္ဓာများကြောင့် ဖြစ်ပေါ်လာကြရပါသည်။  
(ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်များသည် မိမိတို့ မိဘနှစ်ပါးက မွေးပေးထားပေးခြင်းကြောင့် ဖြစ်ပေါ်လာကြရပါသည်။) တန်ခိုးရှင်တစ်ဦးတစ်ယောက်က ဖန်ဆင်ခြင်းကြောင့် ဖြစ်လာကြရသည် မဟုတ်ပါ။

အညတိတ္ထိယတို့က ကြံဆသည်မှာ "တန်ခိုးရှင်တစ်ဦးတစ် ယောက်က ဖန်ဆင်ခြင်းကြောင့် ဖြစ်လာကြရသည်"ဟု ကြံဆစွဲယူကြခြင်းဖြစ်ပါသည်။ ထိုအယူမှ လွတ်လျှင် မိစ္ဆာဒိဋ္ဌိမဖြစ်ပါ။ သက္ကာယဒိဋ္ဌိမဖြစ်ပါ။ အတ္တဒိဋ္ဌိမဖြစ်ပါ။ သက္ကာယဒိဋ္ဌိ ပြုတ်ပါသည်။ အတ္တဒိဋ္ဌိ ပြုတ်ပါသည်။ ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်ပါသည်။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ ဖြစ်ပါသည်။ 
===== ===== ===== =====

နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မှန်သမျှသည် သောတာပတ္တိမဂ်ဖြင့် မပယ် ရသေးသော်လည်း ထာမဂတအနေဖြင့် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ သက္ကာယအတ္တဒိဋ္ဌိ ထင်ထင်ရှားရှား အားကောင်း မောင်းသန် မရှိတော့ပါဟု ဆိုလိုပါသည်။ ထို့ကြောင့်ပင် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်များကို စူဠသောတာပန်ဟု တင်စား၍ ဖွင့်ပြကြခြင်းဖြစ်ပါသည်။ 

ဆရာလေးမသုတဝတီ၏"ငါ သူ တစ်ပါး ယောက်ျား မိန်းမ မရှိ"ဟု နာကြားမှတ်သားဖူးသောသူများ အားလုံးသည် ဒသဝတ္ထုကသမ္မာဒိဋ္ဌိရှိသူသာ ဖြစ်သည်။ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိရှိသူများဟု မဆိုနိုင်ပါပေ"ဟူသော အဆိုပြုချက် အတွက် ဖော်ပြပါရှိသော အကြောင်းပြချက်များ၌ - 
(က) အရှက်အကြောက် ကံအကျိုးကို ပြခြင်း စသည် အကြောင်း ၈ မျိုးတို့အလို့ငှာ ငါ သူ တစ်ပါး ယောက်ျား မိန်းမ စသည်ကို မပယ်ရကြောင်း တရားသမားတိုင်း သိရှိ နားလည်ထားခြင်း (ကြောင့် ဖြစ်ပါသည်။)
(ခ) ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိဟု ဟောသော တရားစခန်းမှာပင် ဒါန သီလ ကုသိုလ်များ ပြုနေကြခြင်း ကြောင့် (ဖြစ်ပါသည်။)ဟု အကြောင်းပြခဲ့ပါသည်။  

ပညတ်ဝေါဟာရများကို မပယ်ရကြောင်းကို တရားသမားတိုင်း သိရှိနားလည်ထားခြင်း (ကြောင့် ဖြစ်ပါသည်)ဟူသည့် အတိုင်း တရားသမားတိုင်း ပညတ်ဝေါဟာရများကို မပယ် ရကြောင်း သိရှိနားလည်ကြပါစေဟု ဆန္ဒပြုမိပါသည်။ ပညတ်ဝေါဟာရများကို မပယ်ရကြောင်း နားလည်ဖို့ လိုအပ်ပါသည်။ 

ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိဟု ဟောသော တရား စခန်းများ၌ ဒါန သီလ ကုသိုလ်များ ပြုနိုင်ကြပါစေဟု ဆန္ဒပြု ပါသည်။ အတ္ထိ ဒိန္နံ စသော ပါဠိတော်များအရ ဒါန သီလ စသည်များ ပြုလုပ်ထိုက်ကြောင်း နားလည်ဖို့ လိုအပ်ပါသည်။ 
မှတ်ချက်။ ။ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု မိမိက ယူဆရာ ၌ နတ္ထိ မာတာ၊ နတ္ထိ ပိတာ စသည်များကို ကြည့်၍ သုံးသပ် ပါသည်။ ဆရာလေးမသုတဝတီက ဒသဝတ္ထုကသမ္မာဒိဋ္ဌိဖြစ် သည်ဟု ယူဆရာ၌ အတ္ထိ ဒိန္နံ စသည်များကို ကြည့်၍ သုံးသပ်ပါသည်။ ဒသဝတ္ထုကတွင် ရှုထောင့်အရ ကွဲပြားခြား နားနိုင်ပါသည်။

ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိဟု ဟောသော တရား စခန်းများ၌ ဖော်ပြခဲ့ပြီးသော ဝိသေသနစကားလုံး ၂ လုံး ၁ လုံးလုံးဖြင့် အထူးပြုလျက် အညတိတ္ထိယတို့ ကြံဆစွဲယူ အပ်သော ငါဟု မရှိ၊ အညတိတ္ထိယတို့ ကြံဆစွဲယူအပ်သော သူတစ်ပါးဟု မရှိ၊ အညတိတ္ထိယတို့ ကြံဆစွဲယူအပ်သော ယောက်ျားဟု မရှိ၊ အညတိတ္ထိယတို့ ကြံဆစွဲယူ အပ်သော မိန်းမဟု မရှိ၊ ဖန်ဆင်းရှင်တစ်ဦးတစ်ယောက်က ဖန်ဆင်းအပ် သော ငါဟု မရှိ၊ ဖန်ဆင်းရှင်တစ်ဦးတစ်ယောက်က ဖန်ဆင်း အပ်သော သူတစ်ပါးဟု မရှိ။ ဖန်ဆင်းရှင်တစ်ဦး တစ်ယောက်က ဖန်ဆင်းအပ်သော ယောကျာ်းဟု မရှိ၊ ဖန်ဆင်းရှင်တစ်ဦးတစ်ယောက်က ဖန်ဆင်းအပ်သော
မိန်းမဟု မရှိ စသည်ဖြင့် မှန်ကန်စွာ သိရှိဖို့ အထူးလိုအပ်ပါ သည်။ 
===== ===== ===== =====

အညတိတ္ထိယတို့က အတ္တကောင်အယူမှားကို ယူကြရာ၌ ပရမအတ္တကောင်၊ ဇီဝအတ္တကောင်ဟူ၍ ၂ မျိုးခွဲပြီး ကြံဆ စွဲယူကြခြင်းဖြစ်ပါသည်။ 

ဖန်ဆင်းရှင်က ဖန်ဆင်းခြင်းကြောင့် ဖန်ဆင်းခံရသူများ ဖြစ်ပေါ်လာကြရပုံကို သီလက္ခန္ဓဝဂ္ဂပါဠိတော်(၁၇)၌ ဖော်ပြထားပါသည်။ 
၄၂။ ‘‘တတြ, ဘိက္ခဝေ, ယော သော သတ္တော ပဌမံ ဥပပန္နော တဿ ဧဝံ ဟောတိ – ‘အဟမသ္မိ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ [သဇ္ဇိတာ (သျာ။ ကံ။)] ဝသီ ပိတာ ဘူတဘဗျာနံ။ မယာ ဣမေ သတ္တာ နိမ္မိတာ။ တံ ကိဿ ဟေတု? မမဉှိ ပုဗ္ဗေ ဧတဒဟောသိ – ‘‘အဟော ဝတ အညေပိ သတ္တာ ဣတ္ထတ္တံ အာဂစ္ဆေယျု’’န္တိ။ ဣတိ မမ စ မနောပဏိဓိ, ဣမေ စ သတ္တာ ဣတ္ထတ္တံ အာဂတာ’တိ။
‘‘ယေပိ တေ သတ္တာ ပစ္ဆာ ဥပပန္နာ, တေသမ္ပိ ဧဝံ ဟောတိ – ‘အယံ ခေါ ဘဝံ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ။ ဣမိနာ မယံ ဘောတာ ဗြဟ္မုနာ နိမ္မိတာ။ တံ ကိဿ ဟေတု? ဣမဉှိ မယံ အဒ္ဒသာမ ဣဓ ပဌမံ ဥပပန္နံ, မယံ ပနမှ ပစ္ဆာ ဥပပန္နာ’တိ။
၄၃။ ‘‘တတြ, ဘိက္ခဝေ, ယော သော သတ္တော ပဌမံ ဥပပန္နော, သော ဒီဃာယုကတရော စ ဟောတိ ဝဏ္ဏဝန္တတရော စ မဟေသက္ခတရော စ။ ယေ ပန တေ သတ္တာ ပစ္ဆာ ဥပပန္နာ, တေ အပ္ပါယုကတရာ စ ဟောန္တိ ဒုဗ္ဗဏ္ဏတရာ စ အပ္ပေသက္ခတရာ စ။ သီလက္ခန္ဓဝဂ္ဂပါဠိတော်(၁၇)
အနက်အဓိပ္ပါယ်ကို ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် နိဿယများ၌ ကြည့်ရှုလေ့လာနိုင်ပါသည်။ 
အကောင်လိုက် ဖန်ဆင်းခြင်း၊ အကောင်လိုက် ဖန်ဆင်းခံရ ခြင်းကို ပြသဖြင့် ပရမအတ္တကောင်ရှိကြောင်း အယူမှားပုံ ဖြစ်ပါသည်။ အတ္တကောင်ရှိကြောင်း အယူမှားပုံ ဖြစ်ပါသည်။ 

ဇီဝအတ္တကောင်ရှိကြောင်း အယူမှားပုံ၊ အတ္တကောင်ရှိကြောင်း အယူမှားပုံကို မဇ္ဈိမပဏ္ဏာပါဠိတော်(၅၁)စသည်တိ့၌ ဖော်ပြ ထားပါသည်။ 
‘‘ကိံ နု ခေါ, ဘော ဂေါတမ, ‘တံ ဇီဝံ တံ သရီရံ, ဣဒမေဝ သစ္စံ မောဃမည’န္တိ – ဧဝံဒိဋ္ဌိ ဘဝံ ဂေါတမော’’တိ? ‘‘န ခေါ အဟံ, ဝစ္ဆ, ဧဝံဒိဋ္ဌိ – ‘တံ ဇီဝံ တံ သရီရံ, ဣဒမေဝ သစ္စံ မောဃမည’’’န္တိ။
‘‘ကိံ ပန, ဘော ဂေါတမ, ‘အညံ ဇီဝံ အညံ သရီရံ, ဣဒမေဝ သစ္စံ မောဃမည’န္တိ – ဧဝံဒိဋ္ဌိ ဘဝံ ဂေါတမော’’တိ? ‘‘န ခေါ အဟံ, ဝစ္ဆ, ဧဝံဒိဋ္ဌိ – ‘အညံ ဇီဝံ အညံ သရီရံ, ဣဒမေဝ သစ္စံ မောဃမည’’’န္တိ။မဇ္ဈိမပဏ္ဏာပါဠိတော်(၅၁)
ဇီဝအတ္တကောင်ရှိကြောင်း အယူမှားပုံ၊ အတ္တကောင်ရှိကြောင်း အယူမှားပုံ ဖြစ်ပါသည်။ ဖန်းဆင်းခံရသည်ဖြစ်၍ ဖြစ်ပေါ်လာ ရသော ထိုထိုဗြဟ္မာကောင်၊ နတ်ကောင်၊ လူကောင်၊ သတ္တဝါကောင် အသီးသီး၏ ခန္ဓာကိုယ်တစ်ခုစီအတွင်း၌ မသေတတ်သော၊ အမြဲအသက် ရှင်တတ်သော ဇီဝအတ္တ ကောင်ကလေး ပါရှိသည်ဟု ယူဆကြခြင်းဖြစ်ပါသည်။ ထိုဇီဝအတ္တကောင်ကလေးကို ရည်ညွှန်း၍ မြန်မာစကား၌ "ဝိညာဉ် လိပ်ပြာ အသက်ဇီဝ" စသည်ဖြင့် သုံးနှုန်း တတ်ကြပါသည်။ ခန္ဓာကိုယ်ကောင် (ပရမအတ္တကောင်) ပျက်စီးသွားသော်လည်း ထိုအသက်ကောင် (ဇီဝ အတ္တကောင်)ကလေးကမူ မပျက်စီးဘဲ အခြားခန္ဓာကိုယ် ကောင် (ပရမအတ္တကောင်) တစ်ခုခုအတွင်း ဝင်ရောက် သွားကာ ဆက်လက်ရှင်နေလေ့ရှိသည် စသည်ဖြင့် ကြံဆ စွဲယူကြခြင်းဖြစ်ပါသည်။ 
===== ===== ===== =====

အညတိတ္ထိယတို့၏ အတ္တဝါဒအရ ပရမအတ္တကောင်၊ ဇီဝအတ္တကောင်နှင့် စပ်လျဉ်း၍ တထာဂတော၊ သတ္တော၊ ပုဂ္ဂလော၊ အဟံ၊ သရီရံ၊ ဇီဝံ၊ ဣတ္ထီ၊ ပုရိသော စသည်ဖြင့် သုံးနှုန်းထားသည်တို့ကို ပါဠိတော် အဋ္ဌကထာ ဋီကာများ၌ တွေ့ရပါသည်။ 
ဗာဟိရကပရိကပ္ပိတော ပန အတ္တာ ‘‘သတ္တော’’တိ အဓိပ္ပေတော။ သော ဟိ တေဟိ ရူပါဒီသု သတ္တဝိသတ္တတာယ ပရေသံ သဉ္ဇာပနဋ္ဌေန ‘‘သတ္တော’’တိ ဝုစ္စတိ, ရူပံ သော န ဟောတီတိ အတ္ထော။ 
သုညတာပရိဂ်ဂဏှန ဉှတေန်တိ။ 
ဧသ နယော န ဇီဝေါတိအာဒီသုပိ။ 
တတ္ထ ဇီဝနဋ္ဌေန ဇီဝေါ။ 
နရနဋ္ဌေန နေတုဘာဝေန နရော။ 
‘‘အဟမသ္မီ’’တိ မာနုပ္ပတ္တိဋ္ဌာနတာယ မာနော ဧတ္ထ ဝါတိ ပဝတ္တတီတိ မာနဝေါ။ 
ထိယတိ ဧတ်ထ ဂဗ်ဘောတိ ဣတ်ထီ။ 
ပဓာနဘာဝေန ပုရိသေတီတိ ပုရိသော။ 
အာဟိတော အဟံမာနော ဧတ္ထာတိ အတ္တာ။ 
ပစ်စတ်တံ တဿ တဿ အဟံကာရဝတ်ထုတာယ ‘‘အဟ’’န်တိ စ ဒိဋ်ဌိဂတိကဟေိ အတ်တာ ဝုစ်စတိ, ရူပံ ပန တာဒိသံ န ဟောတီတိ သုညတာပရိဂ်ဂဏှနဝိဓိံ ဒေဿတုံ ‘‘ရူပံ န သတ်တော’’တိအာဒိ ဝုတ်တံ။ 
တသ္မာ အဋ္ဌဟိပိ ပဒေဟိ ရူပဿ အတ္တသုညတာဝ ဒဿိတာ။ 
ဣတရေဟိ စတူဟိ တဿ ကိဉ္စနတာဘာဝေါ။ တတ္ထ န မမာတိ မယှံ အတ္တနော သန္တကံ န ဟောတိ, တထာ အညဿ အတ္တနော သန္တကံ န ဟောတိ, ကဿစိပိ အတ္တနော သန္တကံ န ဟောတိ အတ္တနောယေဝ အဘာဝတော။ ‘‘န အတ္တနိယ’’န္တိ ပဒေန ပကာသိတော ဧဝတ္ထော ပရိယာယန္တရေဟိ တီဟိပိ ပဒေဟိ ပကာသိတော။ ဧသ နယော ဝေဒနာဒီသုပိ။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ(၂၊ ၄၅၇-၈)
အညတိတ္ထိယတို့၏ အတ္တဝါဒ၌ ပါရှိသော သတ္တဝါသည် တစ်မျိုး ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ အနတ္တဝါဒ၌ ပါရှိသော သတ္တဝါသည် တစ်မျိုး ဖြစ်ပါသည်။ မတူပုံကို ဤဆောင်းပါးအစ၌ ရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ 

ဧကဿပိ သတ်တဿ အပ်ပဋိဘာဂနိမိတ်တတ်တာ ပရိစ်ဆဒေဂ်ဂဟဏံ နတ်ထိ, န စ သမ်မုတိသစ်စဝသနေ ပဝတ်တံ သတ်တဂ်ဂဟဏံ ပရိစ်ဆိန်နရူပါဒိဂ်ဂဟဏံ ဟောတီတိ အပ်ပနာပ်ပတ်တိယာပိ အပရာမာသသတ်တဂ်ဂဟဏမုဒ်ဓဘူတာနံ မတ်ေတာဒီနံ ဧကသတ်တာရမ်မဏာနမ်ပိ အပ်ပမာဏဂေါစရတာ ဝုတ်တာတိ ဝဒေိတဗ်ဗာ။ ဓမ်မသင်ျဂဏီအနုဋီကာ(၁၀၇)

ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေန ယော ဆဝိညာဏဝိညေယျောတိ သံသရတိ မုစ္စတိ စာတိ ဧဝံ ဒိဋ္ဌိယာ ပရိကပ္ပိတပုဂ္ဂလောဝ ပဋိသေဓိတော, 
န ဝေါဟာရပုဂ္ဂလောတိ ဒေဿန္တော ‘‘ပဋိသေ…ပေ… ဒိဋ္ဌီ’’တိ အာဟ။ ဓမ္မသင်္ဂဏီအနုဋီကာ(၁၉၄)

အညတိတ္ထိယတို့၏ အတ္တဝါဒ၌ ပါရှိသော ယောက်ျား၊ မိန်းမသည် တစ်မျိုး ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ အနတ္တဝါဒ၌ ပါရှိသော ယောက်ျား၊ မိန်းမသည် တစ်မျိုး ဖြစ်ပါသည်။ မတူပုံကို ဤဆောင်းပါးအစ၌ ရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ 
===== ===== ===== =====

အောင်မြိုင်(မစိုးရိမ်စာသင်သး)

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...