Skip to main content

ကမ္ဘာကျော်အဆိုအမိန့်မျာ

 

ကမ္ဘာကျော်အဆိုအမိန့်များ (1)


Live as if you were to die tomorrow. Learn as if you were to live forever. မနက်ဖြန်ဆိုတော့ မရှိတော့မယ့်အလား အပြည့်အဝနေထိုင်ပါ။ ထာဝရရှင်သန်နေရမယ့်အလား လေ့လာသင်ယူပါ။ – မဟတ္တမဂန္ဓီ
နေ့ရက်တစ်ရက်မှာ လုပ်ဆောင်နိုင်တဲ့ ကောင်းဆုံးအခွင့်အလမ်းတွေကို အမိအရအသုံးချတတ်ဖို့ အရေးကြီးပါတယ်။ သင်ယူမှုကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပါ။

Education is the most powerful weapon which you can use to change the world. “ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့နိုင်တဲ့ စွမ်းအားအကြီးမားဆုံး လက်နက်ဖြစ်တယ်” – နယ်ဆင်မင်ဒဲလား
ပညာရေးဟာ လူသားတွေအတွက် အသိပညာရရှိဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့၊ တဦးကိုတဦးမြေတောင်မြှောက်ပေးတတ်ဖို့နဲ့ ကမ္ဘာကြီးကို ပိုမိုလှပတဲ့နေရာတစ်ခုဖြစ်လာအောင်ဖန်တီးနိုင်မှုစွမ်းရည်တွေရရှိဖို့ ပထမခြေလှမ်းဖြစ်ပါတယ်။

The cure for boredom is curiosity. There is no cure for curiosity. ပျင်းရိငြီးငွေ့မှုကို သိချင်စိတ်ပြင်းပြမှုနဲ့ ကုသနိုင်တယ်။ သိချင်စိတ်ပြင်းပြမှုအတွက်တော့ ကုသဖို့ဆေးမရှိပါ။ – ဒိုရိုသီပါကာ
ဘဝမှာ သင်ယူလေလေ ပိုပြီးသင်ယူချင်လေ၊ ကမ္ဘာကြီးဟာပိုပြီးစိတ်ဝင်စားစရာကောင်းလာလေဖြစ်ပြီး စူးစမ်းရှာဖွေရတဲ့အလုပ်ဟာ ပိုပြီးပျော်စရာကောင်းလာလေ။

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာ...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...