Skip to main content

လေးသောင်းရှိတယ်

. 😁😁

 တစ်ခါကပေါ့ အသုဘအိမ် ဖဲဝိုင်းတစ်ခုမှာ ကောင်လေးတစ်ယောက် ဖဲရိုက်နေတယ်။
       ဘန့်ကိုင်တာ ဒိုင်အလှည့်ဆိုတော့ ကောင်လေးက ဒိုင်ပေါ့။
  
        အစပိုင်း ဖဲကောင်းပြီး အတော်စားထား ရတော့
ထိုးသားတွေက လက်ကြီးနေပြီ။
        တစ်လှည့်လဲ ပြန်လျှော်ရရော စားထားသမျှ တစ်ခါတည်း ကုန်လုနီးပါး ဖြစ်သွားတယ် ။

        ရှုံးနေသူတွေက လိုက်ချင်တာပေါ့ ။
        ဒါပေမယ့်...
        ဒိုင်မှာက ပိုက်ဆံက သိပ်မရှိတော့ဘူး။
        အဲ့ဒါနဲ့ ထိုးဖို့ရာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြတယ် ။
        အဲ့ဒီ အချိန်မှာ လူကြီးတစ်ယောက်ပေါက်ချ လာပြီး ကောင်လေးရဲ့ နောက်မှာဝင်ထိုင်ပြီး ။
        ခုလိုပြောချလိုက်တယ် ။

" ကဲ ထိုးကြစမ်းကွာ " ပြီးတော့ ကောင်လေးရဲ့ ပုခုံးကို 
တစ်ချက်ပုတ်လိုက်ပြီး
" မပူနဲ့ချ ငါ့တူ နောက်မှာ လေးသောင်း ရှိတယ် " တဲ့ ။ 

        ဒီတော့...
        ထိုးသားတွေလဲ ဝုန်းကြတော့တာပေါ့။

        ဖြစ်ချင်တော့ တစ်ဝိုင်းလုံး လျှော်ရပါလေရော။
        လျှော်ဖို့က ပိုက်ဆံ မလောက်ဘူး ။
        ကောင်လေးက ပိုက်ဆံရေရင်း ပြတ်ပြီတဲ့။
        အလျှော်မရသေးတဲ့သူတွေက ကောင်လေးနောက်ကလူကြီးကို မျှော်လင့်တကြီး ကြည့်နေကြတယ်။

        ဘဲကြီးက သူမဟုတ်သလို ခပ်တည်တည်ပဲ။

        အဲ့မှာ မကျေမနပ် ဒေါသသံတွေ ထွက်လာပါရော
" ဟေ့လူ ခင်ဗျားပြောတော့ နောက်မှာ လေးသောင်း ရှိတယ်ဆို ထုတ်လေ " လို့ ဝိုင်းပြောကြတော့ လူကြီးက...
" အေး ရှိတယ်လေ ငါက ဘာကိုထုတ်ရမှာလဲ "
" ဟာ ဘာထုတ်ရမှာလဲ ပိုက်ဆံထုတ်ပေါ့ဗျ
  လျှော်ရမယ်လေ...
  ခင်ဗျာပဲ လေးသောင်းရှိတယ်လို့ပြောတယ်လေ  "

" ဟ လေးသောင်း ရှိတယ်ဆိုတာနဲ့ လျှော်ရမှာလားကွ
    ဘာဆိုင်လို့တုန်း "

        ဝိုင်းကလူတွေက " ဟာ ဒီလူတော့ကွာ " ဆိုပြီး နဲနဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

        လူကြီးလဲ ဒေါသထွက်ထွက်နဲ့...

" ငါ့တူကို ငါအားပေးတာကွာ
  နောက်မှာ လေးသောင်းရှိတယ်လို့ ပြောတာ
  ဘာဖြစ်လဲ "

        ဒီလိုနဲ့ တစ်ယောက်တစ်ခွန်းစကားတွေများကြတာပေါ့ ။
        အဲ့ဒိအချိန်မှာပဲ...
        ရှင်းစရာမရှိလို့စိတ်ညစ်နေတဲ့ ကောင်လေးကထအော်လိုက်တယ်...

" တော်ပါတော့ ဦးလေးသောင်းရယ် " တဲ့ ။😳😱😁😂😂😜

အဲ့မှာပဲ အားလုံးရှင်းသွားတော့တယ် ။
😁😁😁😁😁😁


.
CREDIT..

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...