Skip to main content

Posts

Showing posts from August, 2020

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄ကြိမ

ဘာကြောင့် ကျို့ထိုးသလဲ

ဘာကြောင့် ကျို့ထိုးသလဲ မိတ်ဆွေအနေနဲ့ သင် ပထမဆုံး ကျို့ထိုးခဲ့တာကို မမှတ်မိနိုင်ဘူးလို့ အသေအချာပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မမွေးခင် သန္ဓေသား ဘဝတည်းက ကျို့ထိုးခဲ့လို့ပါ။ မိခင်ဝမ်းထဲမှာ သန္ဓေသားလေးတွေ ကျို့ထိုးတာက ဖြစ်ရိုး ဖြစ်စဉ် တစ်ခုပါပဲ။ ကျွန်တော်တို့ ဘဝတစ်လျှောက်မှာလည်း ကျို့ထိုးတာကို ကြုံတွေ့ရပေမယ့်၊ အဲဒီ့ သူ့အလိုလို ဖြစ်နေတဲ့ ကျို့ထိုးခြင်းဟာ ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ။ ဘာလို့ဖြစ်လာတာလဲဆိုတာကတော့ နည်းနည်း လျှို့ဝှက်ဆန်းကျယ်ပါတယ်။ ကျို့ထိုးလို့ ကျွန်တော်တို့မှာ ဘာမှ အကျိုးမရှိပါဘူး။ တခါတလေ ကျို့ထိုးလို့ စိတ်ကသိကအောင့် ဖြစ်ရတယ်။ လူတွေကြားထဲမှာဆို ပိုတောင် ဆိုးပါသေးတယ်။ ကျွန်တော်တို့ ဘာလို့ ကျို့ထိုးကြသလဲဆိုတာကို အဖြေရှာဖို့အတွက် ကျွန်တော်တို့ လူသားတွေရဲ့ အတိတ်ကာလ အခြေအနေတွေကို ပြန်သွားရမှာပါ။ ကျွန်တော်တို့နဲ့ သွေးမနီးလှတဲ့ ဆွေမျိုး တိရစ္ဆာန်တွေဆီမှာ အဖြေရှာကြည့်ရမှာပဲ။ အဖြစ်နိုင်ဆုံးကတော့ ကုန်းနေရေနေသတ္တဝါတွေ၊ အထူးသဖြင့် သက်ကြီးကောင် ဖားမရောက်ခင် ရှိတဲ့ ဖားလောင်းကလေးတွေပါ။ အဲဒီ့ ဖားလောင်းတွေရဲ့ ပုံမှန်အသက်ရှုပုံနဲ့ ကျွန်တော်တို့ လူတွေရဲ့ ကျို့ထိုးမှုဟာ ဆက်စပ်နေတယ်လိ

လေးသောင်းရှိတယ်

. 😁😁  တစ်ခါကပေါ့ အသုဘအိမ် ဖဲဝိုင်းတစ်ခုမှာ ကောင်လေးတစ်ယောက် ဖဲရိုက်နေတယ်။        ဘန့်ကိုင်တာ ဒိုင်အလှည့်ဆိုတော့ ကောင်လေးက ဒိုင်ပေါ့။            အစပိုင်း ဖဲကောင်းပြီး အတော်စားထား ရတော့ ထိုးသားတွေက လက်ကြီးနေပြီ။         တစ်လှည့်လဲ ပြန်လျှော်ရရော စားထားသမျှ တစ်ခါတည်း ကုန်လုနီးပါး ဖြစ်သွားတယ် ။         ရှုံးနေသူတွေက လိုက်ချင်တာပေါ့ ။         ဒါပေမယ့်...         ဒိုင်မှာက ပိုက်ဆံက သိပ်မရှိတော့ဘူး။         အဲ့ဒါနဲ့ ထိုးဖို့ရာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြတယ် ။         အဲ့ဒီ အချိန်မှာ လူကြီးတစ်ယောက်ပေါက်ချ လာပြီး ကောင်လေးရဲ့ နောက်မှာဝင်ထိုင်ပြီး ။         ခုလိုပြောချလိုက်တယ် ။ " ကဲ ထိုးကြစမ်းကွာ " ပြီးတော့ ကောင်လေးရဲ့ ပုခုံးကို  တစ်ချက်ပုတ်လိုက်ပြီး " မပူနဲ့ချ ငါ့တူ နောက်မှာ လေးသောင်း ရှိတယ် " တဲ့ ။          ဒီတော့...         ထိုးသားတွေလဲ ဝုန်းကြတော့တာပေါ့။         ဖြစ်ချင်တော့ တစ်ဝိုင်းလုံး လျှော်ရပါလေရော။         လျှော်ဖို့က ပိုက်ဆံ မလောက်ဘူး ။         ကောင်လေးက ပိုက်ဆံရေရင်း ပြတ်ပြီတဲ့။         အလျှော်မရသေးတဲ့သူတွေက ကောင်လေးနောက်ကလူကြီးကို မျှော်လင့်တကြီး ကြည့်နေကြတယ်။