Skip to main content

အမေအိုရဲ့သေခါနီး စိုးရိမ်သောက

အမေအိုရဲ့သေခါနီး စိုးရိမ်သောက



လူရွယ်တစ်ယောက်ဟာ သူ့အဖေဆုံးသွားတော့ သူ့အမေအိုကို အိမ်မှာ မထားချင်တာနဲ့ လူအိုရုံကို ပိုထားလိုက်တယ်။ တစ်လမှာ တစ်ခါလောက်တော့ အမေကို သွားကြည့်တယ်။

တစ်ရက်မှာ လူအိုရုံကနေ သူ့ဆီကို ဖုန်းဆက်လာတယ်။ သူ့အမေဟာ အပျင်းဖျားပြီး သေမလို ဖြစ်နေတယ်။ ချက်ချင်းလာပါတဲ့။ သူလည်း သူ့အလုပ်ကို ရပ်လိုက်ပြီး လူအိုရုံကို တက်စီကားငှားပြီး သွားလိုက်တယ်။ သူရောက်သွားတော့ အမေဟာ ကုတင်ပေါ်မှာ အမောဖောက်ပြီး သေခါနီး ဖြစ်နေပြီ။

သူက အမေ့ပါးနားကို ကပ်ပြီး “ကျွန်တော် ဘာလုပ်ပေးရမလဲ အမေ”လို့ မေးလိုက်တယ်။

အမေဟာ မျက်လုံးပွင့်လာပြီး ခုလိုစကားကို မောနေတဲ့ကြားက အားတင်းပြီး ပြောလိုက်တယ်။  
 “လူအိုရုံမှာ ပန်ကာတွေ ၀ယ်ပြီး လှူပေးပါ။ နောက်ပြီး ရေခဲသေတ္တာတစ်လုံးလည်း လှူပေးပါ။ ညဆာတဲ့အခါ စားဖို့ အစားအသောက်တွေ ထည့်ထားဖို့ပါ” 

လူရွယ်ဟာ အမေ့စကားကြောင့် အတော့်ကို အံ့အားသင့်သွားပြီး ခုလို မေးလိုက်ပြန်တယ်။ 
“အမေ ဒီမှာ နေတာ ကြာနေပြီ။ ဒါမျိုးလိုချင်တယ်လို့ အမေ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးခဲ့ပါဘူး။ အခု အမေ့မှာ နေရဖို့ နာရီပိုင်းလေးပဲ ကျန်တော့မှ ဘာကြောင့် ဒါတွေ လိုချင်ရတာလဲ အမေရာ”

အမေက ခုလို တိုးတိုးလေး ပြန်ဖြေလိုက်တယ်။ 
“ဟုတ်ပါတယ် သားရယ်။ အမေလေ ဒီမှာ နေစဉ်တလျှောက်လုံးမှာ ပူအိုက်တာတွေ၊ စားစရာမရှိလို့ ဗိုက်ဆာတာတွေ၊ နာကျင်တာတွေကို ခံနိုင်ခဲ့ပါတယ်။ အမေ အခု ပြောတာတွေဟာ အမေ့အတွက် မဟုတ်ပါဘူးကွယ်။ မင်းအသက်ကြီးလာရင် မင်းကလေးတွေ မင်းကို လူအိုရုံမှာ လာပို့ထားတဲ့အခါ အဲဒီဒဏ်တွေကို မင်း မခံနိုင်မှာ စိုးလို့ မင်းအတွက်ပါကွယ်”

အမေဆိုတာ သားသမီးအတွက် သေခါနီးအချိန်ထိ စိုးရိမ်ပူပန်နေတတ်ပါတယ်။ အမေ့ကျေးဇူးကို မမေ့ကြပါနဲ့

#crd

Comments

Popular posts from this blog

နေပြည်တော်ရှိ အထင်ကရနေရာများ အပိုင်း (၁)

နေပြည်တော်ရှိ အထင်ကရနေရာများ  အပိုင်း (၁) ၁။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ ၂။ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။ ၃။ သံဝေဇနိယလေးဌ

အာဇာနည်နေ့ ဒို့မမေ့(၁၉ ဇူလှိုင် ) အမှတ်တရ ကဗျာ

အာဇာနည်နေ့(၁၉ ဇူလှိုင် ) ************************************************      *  ကြည့်လိုက်စမ်းပါ  ကောင်းကင်မှာ         တိမ်ညိုတွေအုပ်ဆိုင်း  မြင်ကွင်းတိုင်းကလွမ်းစရာ       * ကံကြမ္မာအလှည့်အပြောင်းနဲ့          သူတော်ကောင်းတွေ  ကျဆုံးတဲ့ဒီနေ့         *သူရဲကောင်းတွေ ကျွေလွင့်ခဲ  ဒီနေ့        **အာဇာနည်တို့သွေးမြေကျ         *  မြန်မာပြည်ရဲ့ အလှမရှိတဲ့နေ့       *   ပြည်သူတစ်ရပ်လုံး  မျက်ရည်မဆည်နိုင်     *     ဇူလှိုင်မိုးနဲ့အပြိုင်   မေ့ဖို့ခက်ခဲသလို      **   မေ့ဖို့လည်းမဖြစ်နိုင်     ***     ဒီဆယ့်ကိုးဇူလှိုင်ပေါ့ ……………                  ~  မရှိတော့တာသိပေမယ့်        ~~  ဘယ်တော့ပြန်လာမလဲလို့      ~~~   အိမ်အပြင်ကို  ခဏခဏမျှော်မိတဲ့        ~~~   သူတို့သူတို့တွေအားလုံး         ~~~  ဝမ်းနည်းမဆုံးတဲ့မြင်ကွင်း          ~~ ရင်တွင်းမှာမချိလို့  ဖြေစရာရှာကြည့်တော့           ~~~ သူတို့လိုဘဲ   အားလုံးသော          ~~~   ပြည်သူအပေါင်း          **           အမိုးအကာမရှိတဲ့အိမ်လို          *   အမိမှဲ့သား ရေနည်းငါးလို           *   ဝမ်းနည်းငိုရှိုက်  သဲခိုက်နာကျင်          **  ဖြေမရွှင်ဘူး              

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက