နေတတ်လာတယ်
============
စိတ်ညစ်စရာတွေ ရှိနေပေမယ့်
ရင်ဖွင့်ရမယ့်လူ မရှိတဲ့အခါ
တစ်ယောက်ထဲနေတတ်လာတယ်။
ရိုးသားခြင်းတွေကို အသုံးချတတ်တဲ့
လူတစ်ချို့ကို ကြောက်လာတဲ့အခါ
တစ်ယောက်ထဲနေတတ်လာတယ်။
အထီးကျန်ခြင်းတွေ များလာတဲ့အခါ
ကိုယ့်ဘဝကို အားတင်းရင်
တစ်ယောက်ထဲနေတတ်လာတယ်။
နာကျင်စရာတွေ များနေပေမယ့်
ဖြေသိမ့်ပေးမယ့်လူ မရှိတဲ့အခါ
တစ်ယောက်ထဲနေတတ်လာတယ်။
အားငယ်စရာတွေ ဖြစ်နေပေမယ့်
ဖေးကူပေးမယ့်လူ မရှိတဲ့အခါ
တစ်ယောက်ထဲနေတတ်လာတယ်။
စိတ်ဓာတ်တွေ ကျနေပေမယ့်
အားပေးမယ်လူ မရှိတဲ့အခါ
တစ်ယောက်ထဲနေတတ်လာတယ်။
ကြုံလာသမျှကို လောကဓံလိုသဘောထားပြီး
ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းမတ်ရင်းနဲ့
တစ်ယောက်ထဲ လျှောက်လှမ်းနေရအုံးမယ်။
Credit
လေးစားစွာဖြင့်
#ပြန်လည်မျှဝေခြင်းဖြင့်သာ
Nay Pyi Taw Times
Comments
Post a Comment