အမေစုနှင့် သမ္မတကြီး သိစေရန်။
အကြောင်းအရာ။ ။တကမ္ဘာလုံးဆိုင် ရောဂါကပ်ဘေးကြီးဆိုက်ရောက်နေချိန်မှာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာနေရတဲ့အတွက်အရမ်း ဂုဏ်ယူမိပါတယ်။ တစ်ခြားနိုင်ငံတွေမှာ အရမ်းဆိုးဝါးနေချိန်မှာ မြန်မာနိုင်ငံမှ အစိုးရအထက်လူကြီးများနှင့် လှူတမ်းနိုင်သော သူဌေးများကြောင့်နိုင်ငံရှိပြည်သူများ အဆင်ပြေစွာနေနိုင်သော အခြေအနေဖြစ်ခဲ့ပါတယ်။ ယခုလည်း ရောဂါကပ်ဘေးဖြစ်နေချိန်မှာ မီတာခများအား ကင်းလွတ်ခွင့်ပေးခဲ့ပြန်ပါတယ်။
ထိုကင်းလွတ်ခွင့်အပေါ်မှာ အမြတ်ထုတ်သော လူတစ်စုသည် မီတာဖတ်ခြင်းကို အိမ်တိုင်ရာရောက် လာရောက်ဖတ်ရှူခြင်းမရှိပဲ မှန်း၍ဖတ်ခြင်းကြောင့်လည်းကောင်း၊ အမြတ်ထုတ်စရာမကျန်မှာစိုးသောကြောင့်လည်းကောင်း တစ်နိုင်ငံလုံးဆိုင်ရာမှာ မီတာခများ အဆမတန် ထိုးတက်နေပါတယ်။
ယခင်နှစ် 2019 တွင် အများဆုံး ကျခံသော လ တစ်လတောင်မှာ ဤ April-2020 လောက် မီတာခမမြင့်ပါ။ မနှစ်က အစစအရာရာ(ဒေါ်လာ၊ ရေနံဈေး၊ ကမ္ဘာ့ရွှေဈေး၊ကုန်ဈေးနှုန်း) ထိုးတက်ချိန်မှာတောင် ယခုလလောက် မီတာမြင့်တက်ခြင်းမရှိပါ။
သို့ဖြစ်ပါ၍ နိုင်ငံတော် အတိုင်ပင်ခံအမေစုနှင့် သမ္မတကြီးတို့ထံ တိုင်ကြားရခြင်းဖြစ်ပါသည်။ ယခုအကြောင်းအရာကို ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်။ ရောဂါဘေးကလည်းဆိုက်၊ ပိုက်ဆံကလည်း ကောင်းမွန်စွာရှာလို့ မရချိန်မှာ ယခုလို တိုးမြှင့်ကောက်ခံခြင်းအပေါ် အလေးထား၍ ဆောင်ရွက်ပေးစေလိုပါတယ်။
Comments
Post a Comment