Skip to main content

နေပြည်တော်ရှိဈေးများကို လှည့်လည်ကြည့်ရှု့ရာတွင် စည်းကမ်းမလိုက်နာမှုများတွေ့ခဲ့ရဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်ရှိဈေးများကို လှည့်လည်ကြည့်ရှု့ရာတွင် စည်းကမ်းမလိုက်နာမှုများတွေ့ခဲ့ရဟု ဒေါ်အောင်ဆန်းစုကြည် ပြော
------ ------ ------ ----- -----

နေပြည်တော်ရှိ ဈေးများကိုလှည့်လည်ကြည့်ရှု့ရာတွင် စည်းကမ်းမလိုက်နာမှုများတွေ့ခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၎င်းက"နေပြည်တော်ဆိုတာ နိုင်ငံရဲ့မြို့တော်ဆိုပြီးတော့ နေပြည်တော်မှာတောင်မှ အဲ့ဒီဈေးတွေမှာ စည်းကမ်းတွေမလိုက်နာတာ တွေ့ခဲ့ရတယ်"ဟုပြောသည်။

ဈေးများအား စနစ်တကျစီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

"နေပြည်တော်ကဈေးတွေကို နည်းနည်းလှည့်ပြီးတော့ ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့အခါ ဟိုတစ်နေ့တုန်းက မြို့မဈေးမှာတော့ အခြေအနေသိပ်မကောင်းဘူးဆိုတာတွေ့ခဲ့ရတယ်။ အခြေအနေသိပ်မကောင်းဘူးဆိုတာ လူတွေ စုစုစုစုနဲ့ရှိကြတယ်။ တချို့ တွေကလည်း Mask မတပ်ထားဘူး။ နောက်ပြီး Mask ကိုတပ်ပြီး အောက်ကိုချထားတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့ကြောင့် ဒဏ်ငွေရိုက်ပြီး Mask တပ်သည့် အလေ့အကျင့်ဖြစ်သွားအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဈေးများတွင် COVID-19နှင့်ပတ်သတ်သည့် ကိစ္စများကို လော်စပီကာဖြင့် အသံလွှင့်ပေးကြောင်း၊ LED Boardဖြင့် ပြသကြောင်း၊ စည်ပင်ဝန်ထမ်းများက နာရီဝက်တစ်ခါ၊ တစ်နာရီတစ်ခါ Maskတပ်ရန် လှည့်လည်ဆော်ဩကြောင်း နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကပြောသည်။

၎င်းက"ကျွန်တော်လဲ ဈေးတွေကို နေ့စဉ်ပုံမှန်လိုက်ကြည့်ပါတယ်။ ဘာသတိထားမိလဲဆိုတော့ စည်ပင်ဝန်ထမ်းတွေလာတဲ့အချိန်မှာတော့ တပ်ကြတယ်ပေါ့။ တခါတလေ ရှေ့ပိုင်းမှာ စည်ပင်ဝန်ထမ်းဝင်တဲ့အချိန်မှာကိုပဲ နောက်ကဈေးသည်ကို အချင်းချင်း လှမ်းပြီးအသံပေးတာပေါ့။ လာပြီဟေ့ လာပြီဟေ့ဆိုပြီးတော့ အဲ့တာဆို Mask တွေ အကုန်လုံးပြောင်းပြီး တပ်လိုက်ကြတာပေါ့။ ပြီးရင်တော့ အကုန်လုံးက မေးစေ့ကို ပြန်ဖြုတ်ထားကြတယ်"ဟုဆိုသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် Mask မတပ်လာသည့်နေ့တွင် ဈေးရောင်းချခွင့် မပြုခြင်း၊ Maskဖြုတ်ထားသည်ကို တွေ့ရှိပါက ဈေးရောင်းချခွင့် ရပ်ဆိုင်းခြင်း စသည်ဖြင့် ဆောင်ရွက်သွားရန်ပြင်ဆင်ထားကြောင်း သိရသည်။


လက်ရှိတွင် အခြေအနေကို စောင့်ကြည့်နေပြီး စည်းကမ်းများကို တဖြည်းဖြည်းနှင့် နားလည်ပြီး လိုက်နာပါက လွန်စွာတင်းကြပ်မည်မဟုတ်ပဲ စည်းကမ်းမလိုက်နာမှုများလာပါက တစ်ရစ်ပြီး တစ်ရစ်တင်းကြပ်သွားမည်ဖြစ်ကြောင်း ဦးရဲမင်းဦးကပြောသည်။

#crdဖူးအောင်

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...