Skip to main content

Posts

Showing posts from November, 2021

အမေးအဖြေများ

 🙏➖မေးခွန်း(၈)➖🙏     🙏"ကသပဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးသည် အနှစ် နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့သော်လည်း သေခါနီး၌ မြတ်ပင်ကို မတော်တဆနှုတ်မိသော ဝိနည်းဖြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူအကြား ကာလပတ်လုံး နဂါးဖြစ်ရခြင်း၊ မလ္လိကာ မိဘုရားသေခါနီး၌ ကောသလမင်းကြီးအား မုသားပြောခဲ့မိသည်ကို အမှတ်ရ၍ ခုနှစ်ရက် ငရဲကျ ခဲ့ရခြင်း၊တိဿ ရဟန်းသေခါနီး၌ မိမိ သင်္ကန်းကိုစွဲ၍ ခုနှစ်ရက်သန်းဖြစ်ရခြင်းတို့တွင် သေးငယ်သော အပြစ်ခြင်းတူပါလျ က် အဘယ်ကြောင့် မြတ်ပင်နုတ်မိသောရဟန်းက အချိ န်ကြာမြင့်စွာတိရစ္ဆာန်ဖြစ်ရပါသနည်း။"           ✴️ဖြေဆိုခြင်း       ဒါက ဘဝကိုဖြစ်စေတဲ့ အကြောင်းလေးတစ်ခုသာရည်ညွန်းပြောတာ ဒီပုဂ္ဂို လ်တွေရဲ့ အရည်အချ င်းတွေက မတူဘူး။ ပတ်ဝန်ကျ င် အခြေအနေတွေချ င်းကမတူကြဘူး။ပုဂ္ဂို လ်တစ်ယောက်နဲ့တစ်ယောက်ဟာ တူတယ်လို့ပြောလို့မရဘူးလေ။ အခု ဒီသင်တန်းတက်နေကြတဲ့ ပုဂ္ဂို လ်တွေတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးချင်း၊သဘောချ င်း ကတူလို့မရဘူး။ကွဲပြားခြားနားမှုတွေ အမြဲတမ်းရှိနေတယ်။အဲဒီ မတူတဲ့သဘောတွေကို တူတယ်လို့သွားပြီးယူဆလို့ရှိရင် မှားသွားမယ်။ မတူတဲ့ အခြားအခြေအနေတွေကို ထည့်သွင်းပြီးတော့စဉ်းစားရမယ်။       ခုနတုန်းက အ

ဝိပဿနာ အလွဲများ

မိစ္ဆာဒိဋ္ဌိကို သောတာပတ္တိမဂ်ဖြင့် ပယ်ခြင်းကိစ္စအပေါ် သုံးသပ်ချက် (၃) (ငါ သူတစ်ပါး ယောကျား မိန်းမ ရှိ-နှင့် ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိ) ===== ===== ===== ===== အောင်မြိုင်(မစိုးရိမ်စာသင်သား) ရေးသားတင်ပြသည် ===== ===== ===== ===== သော ဘဂဝါ၊ အကျွန်ုပ်တို့ဆရာ ထိုမြတ်စွဘုရားသည်။ ဣတိပိ၊ သတ္တောကာသ သင်္ခါရဟု လောကသုံးခွင် ဘုံအပြင် ကို အကုန်အစင် သိမြင်တော်မူတတ်သော ဤအကြောင်း ကြောင့်လည်း။ လောကဝိဒူ၊ ဘောကဝိဒူဟူသော ဂုဏ်တော် ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော် ကြား ထင်ရှားတော်မူပါပေ၏။  သတ္တလောကဆိုသည်မှာ ၃၁ ဘုံ၌ ဖြစ်ရှိသောသတ္တဝါများကို ဆို၏။ သြကာသလောကဆိုသည်မှာ သတ္တဝါတို့၏ ဖြစ်ရာ ရှိရာ ၃၁ ဘုံကို ဆို၏။ သင်္ခါရလောကဆိုသည်မှာ သတ္တဝါ တို့၏ သန္တာန်၌ ဖြစ်ရှိသော စိတ်စေတသိက်ရုပ်တရားစုများ ကိုလည်းကောင်း၊ သတ္တဝါတို့၏ သန္တာန်ပြင်ပ၌ ဖြစ်သော တရားများ၊ ရှိသောတရားစုများကိုလည်းကောင်း၊ ၃၁ ဘုံ၌ ဖြစ်သောတရားစုများ၊ ရှိသောတရားစုများကိုလည်းကောင်း ဆို၏။  ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တလောကကို အကုန်အစင် သိမြင်တော်မူပါ၏။ သြကာသလောကကို အကုန်အစင် သိမြင်တော်မူပါ၏။ သင်္ခါရလောကကို အကုန်အစင် သိမြင် တော်မူပါ၏။ =

သရဏဂုံရဲ့အကျိုး

🙏သရဏဂုံရဲ့အကျိုးဟာအလွန်ကြီးမားပါတယ်🙏 🙏သရဏဂုံတည်ဖို့နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်ပါ၏🙏 ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ  ဓမ္မံ သရဏံ ဂစ္ဆာမိ  သံဃံ သရဏံ ဂစ္ဆာမိ  ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ  ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ  ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ  တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ  တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ  တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ပါဘုရား🙏🙏🙏 🙏လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။  ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး  ငြိမ်းအေးကြပါစေ။🙏 🙏အပ္ပမာဒေန သမ္မာဒေထ🙏 မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံးသောတိုင်းပြည်ဖြစ်ပါသည်။ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ကြည်ညို လေးစား တန်ဖိုးထားသည့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များကိုလည်း (ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်   သက်ဝင် ကိုးကွယ်သူများ)Facebook Page မှလည်း  လေးစားစွာဖိတ်ခေါ်ပါသည်။🙏🙏 https://www.facebook.com/%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-109434244864433/